Friday, December 7, 2012

မြစ်ကြီးနားမှာ လှိုင်းထသွားတဲ့ ပန်ချာ ဂယက်


(Myutsawmyit) December 7, 2012 (Friday)

ယခု ရက်ပိုင်း KIA ကို လေယာဉ်ပျံနဲ့ တိုက်တဲ့သတင်းတွေ၊ ပန်ဝါ ဘက်မှာ ဘိန်းဘုရင် ဇခုန်တိန်းယိန်းရဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ဗမာတပ်တွေ ပေါင်းပြီး KIA နဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့ သတင်းတွေ ပလူပျံနေ ပေမယ့် မြစ်ကြီးနားမှာတော့ ရိုမီ ရဲ့ သတင်းက ရေပန်းအစားဆုံး (hot news) ဖြစ်နေပါတယ်။

ဒီဇင်ဘာလ (၄) ရက်နေ့က ရိုမီ စက်ပစ္စည်း အရောင်းဆိုင်မှာ လူငယ်က စာအိတ်လေး လာပေးပါတယ်။ အဲဒီ အချိန်မှာ ရိုမီဆိုတဲ့ ပန်ချာက မရှိပါဘူး။ သူ့အစ်ကိုက စာအိတ်ကို လက်ခံလိုက်ပြီး ဖောက်ဖတ်ပါတယ်။ စာရွက်ပေါ်မှာ KIO တံဆိပ်မြင်တာနဲ့ အဲဒီစာရွက်ကို ဆုတ်ဖြဲလိုက်ပြီး သူခိုး၊ သူခိုးလို့အော်ပြီး ၀ိုင်းဖမ်းလိုက်တာပါ။ ဆိုင်က အလုပ်သမားတွေ၊ ဆိုက်ကားသမားတွေက ၀ိုင်းဖမ်းပြီး ရဲလက်ထဲ အပ်လိုက်ခြင်းဖြစ်ပါသည်။


ထိုလူငယ်၏ ထွက်ဆိုချက်အရ မိမိအား ၃၀၀၀ ကျပ်ပေးပြီး စာပို့ခိုင်းခြင်း ဖြစ်ကြောင်းထွက်ဆိုပါသည်။ ၄င်းစီးလာသော ဆိုင်ကယ် tool box ဖွင့် ကြည့်သောအခါ အခြား စာအိတ် (၃) အိတ်ကိုလည်း တွေ့ရကြောင်း၊ KIO တံဆိပ်များပါကြောင်း သိ၇ှိရပါသည်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း အချို့ပန်ချာများမှလည်း စိတ်မလုံခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ကျွန်းပင်သာရပ်ကွက်မှ ပန်ချာတစ်ဦးကလည်း သို့ ပြောဆိုသည်။
‘ဒီရိုမီက ပန်ချာလုပ်တာနဲ့ ငါတို့ ပန်ချာတွေ ဒုက္ခရောက်တော့မှာပဲ’

ဒီဇင်ဘာ (၆) ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့မရပ်ကွက် စည်ပင်သာယာလမ်းပေါ်ရှိ ပန်ချာ ဘုရားကျောင်းတွင် ရိုမီ မှ သတင်း ရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။
၎င်း၏ သတင်းများမှာ မြစ်ကြီးနားတွင် ပလူပျံနေသဖြင့် ထိုကဲ့သို့ ဖြေရှင်းချက် ပေးဖွယ်ရှိကြောင်း လေ့လာသူများမှ သုံးသပ်ပြောဆိုသည်။

ထို့ပြင် ၄င်း၏ ဘိန်းသတင်းမှာလည်း ပျံ့နှံ့လျက်ရှိသည်။ သို့သော် ၄င်းသည် အမှန်တရားဖြစ်သည်။
မြစ်ကြီးနားမြို့ မြို့လယ်အရပ်၊ မြေဈေးအကြီးဆုံးရပ်ကွက်များဖြစ်သော မြို့သစ်ရပ်ကွက်တွင် နေအိမ် (၆) လုံး၊ မြို့မရပ်ကွက်တွင် နေအိမ် (၃) လုံး၊ ရှမ်းစုမြောက်ရပ်ကွက်တွင် နေအိမ် (၂) လုံး၊ ထို (၃) ရပ်ကွက်တွင် ပင် ပိုင်ဆိုင်မှု အိမ် (၁၀) လုံးကျော်ကြောင်း၊ အခြား မသိနိုင်သော ပိုင်ဆိုင်မှု များစွာရှိသေးကြောင်း ၄င်း၏ အကြောင်းသိသူတစ်ဦးမှ ဖွင့်ဟလာပါသည်။

သို့သော် ကဲ့သို့ မတန်မဆ ကြီးပွားချမ်းသာလာသည်မှာ ယခင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်နှင့် များစွာ သက်ဆိုင်ကြောင်း ဆက်လက်သတင်းရရှိသည်။

ထိုစဉ်က ရိုမီမှာ စက်ပစ္စည်းများတွင် ဘိန်းဖြူများ သယ်ဆောင်လာ ကြောင်း၊ တစ်ကြိမ်ဖမ်းမိဖူးကြောင်း၊ သို့သော် ထောင်ကျခြင်း မရှိပေ။ တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်ကို သိန်း ၂၀၀၀ လာဘ်ထိုးကာ အခြားတစ်ယောက်အား ကိုယ်စား ထောင်ကျစေလွတ်မြောက်လာ ကြောင်း စုံစမ်းသိရှိရသည်။ ၄င်း၏ ဘိန်းများမှာလည်း အချိုမှုန့်ယောင် ယောင်၊ ဂျုံမှုန့်ယောင်ယောင်၊ ဆပ်ပြာမှုန့်ယောင်ယောင် ပြောင်းလဲ သွားပြီး လွတ်မြောက်ခဲ့ဖူးသည်။

မြန်မာစစ်တပ်၏ ဘိန်းဖြူနှိမ်နှင်းရေးမှာ သတင်းစာများတွင် သာ ကြေငြာအမှန်တကယ် ဘိန်းဖြူတိုက်ဖျက်ရေးများကို ထိရောက်စွာ မဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ ဗိုလ်ချုပ်ကြီးများကိုယ်တိုင် လာဘ်ယူပြီး လွတ်ပေးနေသဖြင့် ဘိန်းပပျောက်ရေး အစီအစဉ်မှာ မအောင်မြင်ခြင်းဖြစ်သည်။ 

ယခုအခါ KIA မှ ဘိန်းတိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် ဆောင်ရွက်လျက်ရှိသည်။ ပထမအကြိမ်တွင် သတိပေးခြင်း၊ နောက်အကြိမ်တွင် ပြင်းပြင်းထန်ထန်အရေးယူသဖြင့် ယခုအခါ KIA ထိန်းချုပ်နယ်မြေများတွင် ဘိန်းများ အတော်အတန် ကင်းရှင်းနေပြီ ဖြစ်သည်။

ယခု ဘိန်းကုန်သည် ပန်ချာ ရိုမီ၏ နောက်ဆက်တွဲ ဇာတ်လမ်းများကို အားလုံးကလည်း စိတ်ဝင်စားလျက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။