(Jinghpawkasa)
ဗမာ လက်နက်ကိုင်ရင် အစိုးရတဲ့။ ကချင်တွေ လက်နက်ကိုင်ရင်
သူပုန်တဲ့။
ကချင်တွေကို သူပုန်လို့ ခေါ်တာ ရှမ်းလဲ မဟုတ်၊ ရခိုင်လဲ
မဟုတ်၊ ချင်းလဲ မဟုတ်၊ ကယားလဲ မဟုတ်၊ ကရင်လဲ မဟုတ်၊ ဗမာ စစ်တပ်သာ ဖြစ်တယ်။
အဆိုပါ တိုင်းရင်းသားတွေ မပြောဘူးလို့ ဆိုလိုခြင်းဟာ ဗမာ
စစ်တပ် လက်အောက်ခံ လက်ကိုင်တုတ် (သို့) အတင်းအကျပ်ပြောခိုင်းတဲ့ တိုင်းရင်းသားများကို
မဆိုလိုပါ။ စစ်မှန်တဲ့ တိုင်းရင်းသား နိုင်ငံရေး သမားတိုင်း ဘယ်တော့မှ ကချင်တွေကို
သူပုန်လို့ မသတ်မှတ်ပါ။
ဗမာ စစ်တပ်နဲ့ အပေါင်းအပါများဟာ သူတို့ကိုယ် သူတို့ တရားတဲ့
စစ်တိုက်တယ် ဆိုပြီး ဗမာ အင်ပါယာကို တရားဝင် ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေခြင်းသာ
ဖြစ်ပါတယ်။
ဗမာ စစ်တပ်ဟာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသား ပြည်သူတွေ ထောက်ခံထားခြင်း
မဟုတ်သလို၊ ကချင်စစ်တပ်ဟာလဲ ဗမာ ပြည်သူတွေ မထောက်ခံတာ အဆန်းတော့မဟုတ်။ သို့သော် ကျန်တိုင်းရင်းသားများ
ထောက်ခံတယ်။
ပြည်သူ့ တပ်မတော်ဆိုတာ အဆိုပါ လူမျိုးနဲ့ပဲ ဆိုင်တယ်၊ ဆိုရင်
ကေအိုင်အေ စစ်တပ်ဟာလဲ ကချင်ပြည်ရဲ့ တရားဝင် စစ်တပ် ဖြစ်တယ်။
ဒူဝါကချင်
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။