Tuesday, December 11, 2012

ကချင်စစ်ပြေးဒုက္ခသည်များအတွက် မလေးရှား ချင်းဒုက္ခသည် အဖွဲ့အစည်းမှ အလှူငွေပေးအပ်

(Jinghpawkasa)



မလေးရှားနိုင်ငံရောက် ညီအစ်ကို ချင်းဒုက္ခသည် အဖွဲ့အစည်း Alliance Of Chin Refugee (ACR) မှ ကချင်ပြည်နယ်အတွင်း စစ်ကြောင့်ထွက် ပြေးသိမ်းရှောင် နေရသော ကချင်စစ်ပြေး ဒုက္ခသည်များအတွက် ရည်ရွယ်ကာ အလှူငွေ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ ကချင်စစ်ပြေး ဒုက္ခသည်များ အတွက် အလှူငွေပေးအပ်ခြင်းအခမ်း အနားကို မလေးရှားနိုင်ငံ Alliance Of Chin Refugee ရုံးခန်းတွင် ဒီဇင်ဘာလ (၈) ရက် မနက် (၁၀း၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း၊ အလှူငွေများကို မလေးရှား ကချင်ဒုက္ခသည် အဖွဲ့အစည်းမှ တဆင့်ပေး အပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ အလှူငွေ စုစုပေါင်း မလေး ရင်းဂစ် (၇၇၄၅) တိတိ မေတ္တာ စေတနာဖြင့် ကူညီခဲ့ကြောင်းနှင့် နောက် နောင်တွင်လည်း ဆက်လက်ပြီး အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။