Thursday, December 20, 2012

ဒီဇင်ဘာ (၂၀) ရက်နေ့ ပြည်တွင်းစစ်သတင်းတိုများ

(Myitkyina Blog)


မြေမြုပ်မိုင်း သိမ်းဆည်းရမိ

ဒီဇင်ဘာလ(၁၄)ရက်က KIA တပ်ရင်း(၃)တပ်ဖွဲ့မှ ပြန်လည်သိမ်းပိုက်ရယူလိုက်သော လောပွန်(Law Pun) စစ်စခန်းတ၀ိုက် ခမရ(၄၁၆)တပ်ဖွဲ့မှ မြုပ်နှံထားသော နှင်းမိုင်း(၂၇)ကို KIA တပ်ဖွဲ့က ရှာဖွေသိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်

ဒီဇင်ဘာလ(၁၉)ရက် မနက်(၁၀)နာရီအချိန်တွင် ဒေါ့ဖုန်းယန်မှ စစ်ကြောင်းချီတက်လာသော မြန်မာအစိုးရ တပ်ဖွဲ့ဝင်များနှင့် KIA တပ်ရင်း(၁၉)တို့ ပန်စွန်(Pan Tsun Post)အနီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒေါ့ဖုန်းယန် အခြေစိုက် အမှတ်(၃၆၇) အမြောက်တပ်ရင်းမှ ၁၀၅ မမ၊ ၁၂၀ မမ အမြောက်ဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။


ထိုးစစ်အတွက် ပြင်ဆင်
ဒီဇင်ဘာလ(၁၈)ရက်နေ့ ညသန်းခေါင်အချိန်မှ (၁၉)ရက် မနက်(၂)နာရီအတွင်း မြစ်ကြီးနားမြို့မှ စစ်မော်တော်ယာဉ် (၂၁)စီးဖြင့် ချီတက်လာသော တပ်ဖွဲ့ဝင်အင်အား(၂၅၀)ခန့်သည် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁) တပ်စခန်းသို့ ရောက်ရှိလာကြောင်း သိရှိရသည်။ 
ယင်းစစ်ကြောင်းတွင် မြေထိုးစက် ဘူဒိုဇာ တစ်စီး ပါဝင်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၁၉)ရက် မနက်(၉)နာရီအချိန်တွင် ရွှေညောင်ပင်တပ်စခန်းမှ အင်အား(၅၀)ခန့် ဂါးရာယန်သို့ ခြေလျင်ချီတက်သွားကာ မွန်းလွဲ(၄)နာရီခန့်တွင် လက်နက်ခဲယမ်း ရိက္ခာနှင့် တပ်ဖွဲ့ဝင်(၁၅၀)ခန့် တင်ဆောင် သော စစ်ယာဉ်(၆)စီး ဂါးရာယန်သို့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၁၉)ရက် မွန်းလွဲ(၁)နာရီခွဲမှ (၅)နာရီအကြား စကခ(၃) ဗျူဟာအခြေပြုလှုပ်ရှားနေသော လောရင်း ရာဘာခြံသို့ စစ်လက်နက်ခဲယမ်းကို ရဟတ်ယာဉ်ဖြင့် (၃)ကြိမ် ပို့ဆောင်ပေးခဲ့သည်။

မွန်းလွဲ(၁)နာရီအချိန်တွင် ဗန်းမော်မြို့မှ အထူးတပ်ဖွဲ့ဝင်(၂၀၀)ခန့်ပါဝင်သော စစ်ကြောင်းသည် မြို့သစ် မှတဆင့် ဒေါ့ဖုန်းယန်သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၁၈)ရက်နေ့ ဗန်းမော် မှချီတက်လာသော စစ်ယာဉ်(၁၂)စီးပါ၊ တပ်မ(၉၉) ဟု ယူဆရသော တပ်ဖွဲ့ဝင်တို့သည် ကျောက်စခန်း မှတဆင့် စိန်လုံကဘာ(Sinlum Kaba)သို့ ရောက်ရှိကာ၊ ထိုမှတဆင့် လွယ်လုံတောင်(Mu Bum)သို့ ဆက်လက်ချီတက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၁၉)ရက် မနက်(၃)နာရီအချိန်တွင် လားရှိုး ဘက်မှချီတက်လာသော (၁၂)ဘီးတပ်ယာဉ်ကြီး (၁၂)စီးတွင် တပ်ဖွဲ့ဝင်အပြည့်တင်ဆောင်ကာ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိလာကြောင်း သိရှိရသည်။ မနက်(၄)နာရီအချိန်ခန့်တွင် ကွတ်ခိုင် မှတဆင့် စစ်ယာဉ်(၇)စီး ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

ဒီဇင်ဘာလ(၁၉)ရက် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် နမ္မတူ မှ မှန်တုံ သို့ တပ်သား တင်ဆောင်ထားသော ယာဉ်(၁၁)စီး ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း(၂)ဒေသ မုန်ဂျီ(Mung Ji) ဘန်ဖိတ်(Bang Hpik) ဂျန်ပါ(Jang Pa) တ၀ိုက် ခလရ(၁၃၆)တပ်ဖွဲ့ဝင်(၆၀)ခန့်၊ လောဂျိုင်(Lau Jai)သို့ ခလရ(၂၄၁) အင်အား(၇၀)ခန့်၊ လွယ်ကန်(Loi Kang) သို့ အင်အား(၁၀၀)ခန့် ဒီဇင်ဘာလ(၁၉)ရက်နေ့က ၀င်ရောက်လာကြောင်း သိရှိရသည်။

KIA တပ်ရင်း(၈) ဒေသဖြစ်သော နားခိန်(Na Hkying) တ၀ိုက်တွင် တပ်ဖွဲ့ဝင်(၇၀)ခန့် ဆိုင်ခေါ်(Sai Hkau) တ၀ိုက်တွင် အင်အား(၈၀)ခန့် (တပ်ရင်းအမည် စုံစမ်းဆဲ) ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ၀င်ရောက်လာကြောင်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။