Tuesday, December 18, 2012

ဘွမ်တောင် စခန်းတွင် ဗမာစစ်သား (၁၀) ဦးကျော်သေဆုံး

(Jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက် ကေ အိုင် အေ တပ်ရင်း (၃) ဒေသ ကန်ပိုင်တီ သွားလမ်း၊ အရင် ကေအိုင်အေ တပ်စခန်းဖြစ်ပြီး ဗမာစစ်အစိုးရ စစ်တပ်မှ သိမ်းပိုက်ယူထားသော ဘွမ် တောင်စခန်းတွင် ဒီဇင်ဘာ (၁၈) ရက်နေ့ မနက် (၆း၅၀) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 
 
ဗမာအစိုးရ စစ်တပ်မှ ဤဘွမ်တောင်တွင် ဂိတ်စခန်း ဖွင့်လှစ်ကာ ခရီးသွားပြည်သူများထံမှ မတရား ငွေကြေးကောက်ခံသော နေရာ ဖြစ်ပြီး၊ ကေအိုင်အေ မျိုးချစ် ရဲဘော်များမှ အဝေးထိန်း မိုင်းဖြင့် သွား ရောက် ဖောက်ခွဲခဲ့ခြင်းဖြစ် ကြောင်း၊ ဂိတ်စခန်းနှင့်အတူ ဗမာစစ်သား (၃) ဦး တစ်စစီပေါက်ခွဲသွား ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဗမာဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်ကူ ရောက်လာသော ဗမာစစ်တပ်နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ကေ အိုင်အေ မျိုးချစ်ရဲဘော်များမှ မိုင်းများနှင့် ကေအိုင်အေလုပ် KRL လက် နက်များဖြင့် တိုက်ခိုက်ခဲ့ရာ ဗာမာစစ်သား (၁၀) ဦးကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။ ဒဏ်ရာရရှိသော ဗမာစစ်သား များကို ဒိုင်နာကားဖြင့် လာရောက်တင်ဆောင်သွားခဲ့ ကြောင်း ကိုလည်း ဆက်လက် သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။