Thursday, December 13, 2012

ဒဏ်ရာရ ဘုန်းကြီးများကို မန္တလေးရောက် ကချင်လူမျိုးများမှ အလှူငွေပေးအပ်လှူဒါန်း

(Jinghpawkasa)

မြန်မာပြည်အလယ်ပိုင်း မုံရွာခရိုင် လက်ပတောင်းတောင် ကြေးနီးစီမံကိန်းရုပ်သိမ်းရေးကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ဗမာအစိုးရ၏ မီးရှို့နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ဆေးကုသမှုခံယူနေသော ဘုန်းတော်ကြီးများကို မန္တလေးမှ ကချင်လူမျိုးများက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ ကချင်လူမျိုးများမှ ဆေးကုသမှုခံယူနေသော ဘုန်းတော်ကြီများကို ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ကျပ်ငွေ (၂၅) သိန်းတိတိကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။