Wednesday, December 5, 2012

တနိုင်းလွင်ပြင် စစ်ဆင်ရေး၌ အစိုးရ တပ်များ လူ့အခွင့်အရေး ချိုးဖောက်

(ရွှေဟင်္သာသတင်းဌာန)



ယမာန်နေ့က ကချင်ပြည်နယ် တနိုင်းမြို့သို့ တက်လာသော အစိုးရ စစ်ယာဉ်တန်းမှ လီဒို လမ်းမပေါ်ရှိ တချွတ် ဆို့ ကျေးရွာမှ ပြည်သူ (၃) ဦးကို ကားလမ်းပေါ်၌ တွေ့တွေ့ချင်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံ ရွာသား တဦးက ဆိုပါသည်။ 

“တခ္ပျွတ်ဆို့ ကျေးရွာကို သူတို့ ကားတန်း တက်လာတော့ ယုဇနဇုံမှ တက်လာတဲ့ အသက် (၅၀) အရွယ်ပေါ့ ဦးခွန် ဖက် နော်ဖွံ့ ၊ ပြီးတော့ အသက်က (၅၄) နှစ်ရှိတဲ့ ဒေါ်ဌေးကြည်နဲ့ အသက် (၁၀) နှစ်အရွယ် ရှိတဲ့ မောင်ရန်နိုင်တို့ကို တွေ့တော့ ကားပေါ်ကနေ လှမ်းပစ်လိုက်တယ်။ ဦးခွန်ဖက်နော်ဖွံ့က အဲဒီနေရာမှာဘဲ ပွဲချင်းပြီး သေသွားတယ်။” ဟု ဆိုပါ သည်။ 


ဒဏ်ရာ ရရှိထားသော ဒေါ်ဌေးကြည်နှင့် မောင်ရန်နိုင်တို့ကို မြစ်ကြီးနား မြို့ ဆေးရုံသို့ ပိုးပေး လိုက်ကြပါသည်။ (၄၂) စီးခန့် ရှိသော အစိုးရ စစ်တပ်ကားတန်းသည် တချွတ်ရွာတွင်းသို့ ရောက်ရှိချိန်၌လည်း ဓါတ်ပုံ ဆိုင် တစ်ဆိုင်ကို ပစ်ခတ်ပြီးဖျက် ဆီး ခဲ့သလို လက်ဝါးကပ်တိုင် ကပ် ထား သည့် အိမ်တစ်အိမ် ကိုလည် ပစ်ခတ်သွားခဲ့သည်ဟု ဆိုပါသည်။ 

KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ဖွဲ့များသည်၊ ၄င်းကားတန်း လုံခြုံရေးတပ်ဖွဲ့ကို (၄)ကြိမ် တိုက်ခိုက်ခဲ့သည်ဟု တပ်မ ဟာ (၂) ရုံး အရာရှိ တဦးက ဆိုပါသည်။ တိုက်ပွဲများသည်၊ ယမာန်နေ့ မနက် (၉) နာရီခွဲ ချိန်တွင် တချွတ်ဆို့ရွာ၏ နောင် မြေ အနီး တွင်တကြိမ် နှင့် နေ့လယ် (၁၁) နာရီခွဲ အချိန် တန်ဦးတောင် အနီး၌ တကြိမ် KIA တပ် ရင်း (၁၄) တပ်ဖွဲ့က တိုက်ခိုက် ခဲ့ပါသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင် ဘာလ (၂) ရက်နေ့ နေ့လည်(၂) နာရီခွဲ အချိန်တွင် မိုး ကောင်းမြို့မှ တက်လာသော စစ်တပ် ကားတန်းကို လုံခြုံရေး ယူထားသည့် တပ်ဖွဲ့နှင့် အထက်- စီဂျင်ယန်း အကြားတွင် KIA တပ်ရင်း (၁၁) တို့က (၂)ကြိမ်တိုက် ခိုက်ခဲ့သည်ဟု ဆိုပါသည်။
ညနေပိုင်း(၆) နာရီခွဲ အချိန်တွင်လည်း လမ်းလုံခြုံရေး အတွက် ဒွမ်ဘန်အနီးသို့ ရောက်ရှိလာကာ ခလရ(၁၃)တပ်ဖွဲ့ ကို KIA တပ်ရင်း (၁၄) တပ်ဖွဲ့က ထပ်မံပြီး မိုင်းခွဲ တိုက်ခိုက် ခဲ့ပါသည်။ ယင်းတိုက်ခိုက်မှု ကြောင့် စစ်ယာဉ် (၂) စီးပျက်စီး သွား သည် ဟု အဆိုပါ KIA အရာရှိက ဆိုပါသည်။

အစိုးရ စစ်ကား တန်းသည် KIA တပ်မဟာ (၂) ဧရိယာဖြစ်သော ကချင် ပြည်နယ် တနိုင်း လွင်ပြင်ကို စစ်ဆင်ရန် ရောက် ရှိ လာခြင်းဖြစ်သည်ဟု တပ်မဟာ (၂)ရုံးအရာရှိက ဆိုပါသည်။ ဤကားတန်းတွင် လက်နက် ခဲယမ်း မီးကျောက်နှင့် ရိက္ခာ များ တင်ဆောင်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မိုးကောင်းမြို့ စစ်ဗျူဟာ အမှတ်(၃)သို့ ထွက်ခွာလာခဲ့သော ကားတန်းဖြစ်ပါသည်။ 

ဒီဇင်ဘာလ (၂) ရက်နေ့ နံနက် (၃) နာရီတွင် မိုးကောင်းအခြေစိုက် စကခ (၃) သို့ ရောက်ရှိခဲ့ပြီး ထိုမှတဆင့် တနိုင်းလွင် ပြင်ဘက် သို့ ဆက်လက် ချီတက် သွားခြင်းဖြစ်ပါသည်။

ဤတပ်ဖွဲ့များသည် စစ်ဆင်ရေး အစီအစဉ်အရ ကျေးရွာနှင့် ရွာသားများ ကို ထင်သလို အကြောင်းမဲ့ ပစ်ခတ်မှုနှင့် နှိပ်စက် ညှင်းပမ်းမှုများ ပိုမိုပြုလုပ်ခြင်း အားဖြင့် စစ်ပြေး ဒုက္ခသည်များကို ဖြစ်စေပြီး KIA နှင့် အဆက်ပြတ်စေသော လုပ်နည်း စီမံချက် အတိုင်း လုပ် ဆောင်နေ ခြင်းဖြစ်ကြောင်း ဝေဖန်သူများက ဆိုပါသည်။ အထူးသဖြင့် လမ်းပမ်း ဆက်သွယ်ရေး ဆိုးဝါး ခက်ခဲသော နေရာများ၌ လူ့အခွင့်အရေးများ ချိုးဖေါက်မှုများ ပိုမိုဆောင်ရွက်ကြပြီး ဖေါ်ထုတ်ရန် ခက်ခဲသော နေရာ မျိုး၌ လုပ်နေကြဟု ဒေသခံများက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။