Thursday, December 27, 2012

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ပေါက်ကွဲမှု ဖြစ်ပွား


(DVB)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ မနေ့ည ၁၀ နာရီကျော်က ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ မရှေးမနှောင်း သေနတ်သံ တွေပါ ကြားရတဲ့အတွက် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မိုးညှင်းမြို့နယ် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းလှပေါ်က ပြောပါတယ်။

“ဗုံးကွဲပြီးတဲ့ အချိန်မှာတော့ပ ရပ်ရွာလူထုတွေက တော်တော်ကို ထိတ် လန့်တုန်လှုပ်သွားတယ်။ တအား စိုးရိမ်ပူပန်မှု ရှိကြတယ်။ မိုင်းကွဲသံ အကြီးစားက တော်တော်လေးကို အိမ်တွေ ဘာတွေတောင် တုန်ခါမှု ရှိသွားတယ်။ သေနတ်သံတွေက ဟိုကြိုးကြား၊ ဒီကြိုးကြား မြို့တွင်း မှာရော ပစ်ခတ်သံတွေ ကြားရတယ်။ ၅ မိနစ်၊ ၇ မိနစ်လောက်တော့ သေနတ်သံတွေ ကြားတယ်။”


ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာကို အုတ်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ မိုးညှင်းဘူတာ ရှမ်း သချိုင်းအနီး ရထားသံလမ်းမှာ ပေါက်ကွဲခဲ့တယ်လို့ ပြောကြောင်း၊ လူတွေ ထိခိုက်ပျက်စီးမှု မရှိတဲ့အကြောင်း တာဝန်ရှိသူတစ်ဦးက ပြောတယ်လို့ ဦးစိုင်းလှပေါ်က ဆိုပါတယ်။

သေနတ်သံတွေ ကြားရတယ်ဆိုတာကတော့ ဘယ်နေရာမှာ ဘာကြောင့် ပစ်နေသလဲတိုတာ မသိရကြောင်း၊ ဘယ်သူ့ကြောင့် ဗုံးပေါက်ရသလဲ ဆိုတာလဲ မခန့်မှန်းနိုင်ကြောင်း ပြောပါတယ်။

အခြားဒေသခံ တစ်ဦးရဲ့ အပြောအရ သေနတ်သံဟာ မန္တလေးကို သွားမယ့် အစုန်ရထားပေါ်က လုံခြုံရေးစစ်သားတွေက မိုးပေါ်ထောင်ပြီး ခြောက်လှန့်တာဖြစ်ကြောင်း၊ ဗုံးသံကြောင်း ရထားကြီး ခဏနားပြီးမှ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

မိုးညှင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း နမ္မားဘူတာနဲ့ ၂ မိုင်အကွာမှာ မိုင်းခွဲခံရတဲ့အတွက် မန္တလေး-မြစ်ကြီးနား သွား ကုန်တင် ရထားတစ်စီး ထိခိုက်ခဲ့ပြီး ရထားမောင်းသမားနဲ့ ခရီးသည် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။