Sunday, December 30, 2012

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဘို့ မင်းကိုနိုင် တိုက်တွန်း


2012-12-29 (RFA)
ကချင်ပြည်နယ်မှာ စစ်ပွဲတွေအရှိန်မြင့်တက်နေတာဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပေါ် ပြည်သူတွေယုံကြည်မှုပျက်စေတဲ့အတွက် စစ်ပွဲတွေ ရပ်စဲကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။


ပြီးခဲ့တဲ့ရက်တွေမှာ အထက်မြန်မာနိုင်ငံ မြို့ရွာတွေကို စာပေဟောပြောပွဲတွေသွားခဲ့တဲ့ အခါမှာ ကချင်ပြည်နယ်ကစစ်ပွဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒေသခံတွေမေးမြန်း ကြတဲ့အကြောင်းနဲ့ သူ့သဘောထားပြန်လည်ပြောဆိုခဲ့တဲ့အကြောင်း ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။ KIO ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ်၊လိုင်ဇာမြို့အနားမှာ အစိုးရတပ်တွေ ထိုးစစ်ဆင် နေတဲ့အတွက် ဒေသခံပြည်သူတွေအမြောက်အများထွက်ပြေးနေကြရတယ် ဆိုတဲ့သတင်းတွေ ပေါ်ထွက်နေတာကို ရည်ညွှန်းပြောသွားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ အခြားစာရေးဆရာတွေနဲ့အတူ ဒီရက်ပိုင်းတွေမှာ နယ်တွေလှည့်ပြီး စာပေဟောပြောတာတွေရှိခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။