Thursday, December 27, 2012

မြန်မာ့တပ်မတော်၏ ရာဇသံအကျိုးရလဒ်

(Myitkyina Blog)


မြန်မာ့တပ်မတော်သည် KIA အမြစ်ပြတ်ချေမှုန်းရေးအတွက် အားသွန် ခွန်စိုက်စီမံချက် ချမှတ်ဆောင်ရွက်လျက် ရှိသည်။ မြန်မာ့တပ်မတော်က KIA ကို ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် နောက်ဆုံးရက်သတ်မှတ်ကာ နောက်ဆုတ်သွားရန် ရာဇသံပေးထားခဲ့သည်။ 
ထိုရက်မတိုင်မီကပင် မြန်မာအစိုးရတပ်ဖွဲ့က KIA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာ လ(၁၉)ရက်ခန့်မှစတင်ကာ စစ်ဆင်ရေးပြင်ဆင်မှု၊ စစ်ကြောင်းပို့လွှတ်မှု တို့ကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့သည်။ KIA ၏ ရှေ့တန်းစခန်းငယ်ကို ပင် လက်နက်ကြီးဖြင့် ပစ်ခတ်မှု သာမက၊ စစ်ရဟတ်ယာဉ်(၂)စင်းဖြင့် (၂)ရက်ဆက်တိုက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် မြန်မာ့တပ်မတော်သည် လူ၊ လက်နက်၊ ကျည်တို့ကို လိုသလောက်ဖြုန်းပြစ်ရန် စီမံချက်ချထားပြီ ဖြစ်ကြောင်း သုံးသပ်ရသည်။

မြန်မာ့လေတပ်သည်လည်း ဒီဇင်ဘာလတွင် တပ်ဖွဲ့၊ လက်နက်ခဲယမ်း များ ပို့ဆောင်ပေးခြင်းကိုသာ မကတော့ ဘဲ တိုက်ပွဲအတွင်းသို့ စစ် ရဟတ်ယာဉ်များ ပါဝင်ကူညီတိုက်ခိုက်ခဲ့သည်မှာ အကြိမ်အရေအတွက် များလာပြီ ဖြစ်သည်။


မြန်မာ့တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်ဖြစ်သော ယူဂူဆလပ်နိုင်ငံ ထုတ်(Soko G-4 Super Galeb) အမျိုးအစား ဂျက်တိုက်လေယာဉ်(၄)စီး ကိုလည်း မြစ်ကြီးနား လေတပ်စခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ ယခုစစ် ဆင်ရေးအတွက် စစ်ရဟတ်ယာဉ် သာမက၊ တိုက်လေယာဉ်ကိုပါ အသုံး ပြုရန် စီစဉ်လျက်ရှိနေပြီ ဖြစ်သည်။

ဒီဇင်ဘာလ(၂၇)ရက် မနက်(၁၀)နာရီခန့်တွင် ကင်းထောက် ဂျက်လေ ယာဉ်(၁)စီးသည် ဒေါ့ဖုန်းယန် – နားလုံ- ခယါ – အောင်ဂျာယန် – နမ်ဆမ်ယန် – ဂန်ဒေါ်ယန် ကို ဖြတ်သန်း၍ သတင်းထောက်လှမ်းနေ ကြောင်း သိရှိရသည်။

ယခုကဲ့သို့ လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာခြင်းသည် ကချင်အမျိုးသားလူထုတရပ်လုံးအတွက် နိုင်ငံရေးအချိုးအကွေ့ တစ်ခုခုဖြစ်စေရေး၊ နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုခုကို အလျင်အမြန် ချမှတ်စေရေးကို တွန်းအားပေးနေခြင်းပင်ဖြစ်တော့မည် ဖြစ်သည်။
နောင်ဖြစ်ပေါ်လာမည့်အကျိုးဆက်အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများ က ပြစ်တင်ဝေဖန်ပြောဆိုမှုများသည် အခါနှောင်းလာစေမည်ဖြစ်သည်။ အပြစ်ဆို၊ အပြစ်ဘို့စရာများ ပေါ်ပေါက်လာနိုင်သော်လည်း မြန်မာ့ တပ်မတော်၏ တွန်းအားပေးဖန်တီးမှု၏ အကျိုးရလဒ်ဟု သတ်မှတ်ရ တော့မည် ဖြစ်သည်။

မနောသန်းနိုင်
မြစ်ကြီးနား
၂၇ – ၁၂ – ၂၀၁၂

1 comment:

  1. မနောသန်းနိုင်စောက်ရူး မင်းတို့ကဘာလုပ်ချင်တာလဲပြည်ထောင်စုကခွဲထွက်ချင်တာ
    လားသေသွားမယ် ငါတို့ကမ္ဘာာတည်သ၍အတူတူနေသွား
    ရမယ် နှောက်ယှက်တဲ့သူရန်သူပဲ ရှင်းလား

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။