Monday, December 24, 2012

ဖားကန့်ကျောက်စိမ်းတွင်းက တစ်နိုင်တစ်ပိုင် လုပ်စားသူတွေကို ဒေသခံရဲက နှင်ထုတ်


2012-12-23 (RFA)
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသ မှော်စီစာ ကျေးရွာ ပတ်ဝန်းကျင်က ကျောက်စိမ်းလုပ်ကွက် တစ်ချို့ရဲ့ စွန့်ပစ်မြေ စာပုံ တွေမှာ တနိုင်တပိုင် ရွှေတူးဖော်လုပ်ကိုင်နေသူ တွေကို ဒီကနေ့မနက်က ဖားကန့်မြို့နယ် လုံးခင်းအခြေစိုက် ရဲဝန်ထမ်း ၂၀ လောက်က လုပ်ကွက် တွေထဲကနေ မောင်းထုတ်ခဲ့ပြီး စုစုပေါင်းသိန်း ၂၀၀ လောက်တန်ဖိုးရှိတဲ့ ရေစုပ်စက် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စုံစမ်း သိရပါတယ်။ 

ဒီကနေ့ ဖြစ်ရပ်ဟာ ဖားကန့်မြို့နယ် မှော်စီစာကျေးရွာနားက ရတနာစိမ်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ နဲ့ စံတော်ဝင် ကုမ္ပဏီ လုပ်ကွက်နှစ်ခု ကြား က စွန့်ပစ်မြေစာပုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်မြေစာပုံတွေမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူ ဒေသခံတစ်ဦးက RFA ကိုအခုလို ပြောပါတယ်။

 
"မနက် ၈ နာရီလောက်က လုံးခင်းအခြေစိုက် ရဲအယောက်နှစ်ဆယ်က လူတွေကိုမောင်းထုတ်ပြီးတော့ စက် ၁၂ လုံးကို မီးပုံရှို့တယ်။ တစ်ချို့ရဲ တွေက တစ်ချို့တဲတွေကဆီက အကျီင်္အဝတ်အစားနဲ့မှတ်ပုံတင်တွေကို သိမ်းလိုက်တယ်။ တဲကိုမီးမရှို့စေချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး ပိုက်ဆံ တောင်းတယ်။ညနေသုံးနာရီမှပဲ ပြန်သွားတယ်ဗျ"

မှော်စီစာကျေးရွာ ပတ်ဝန်းကျင် အခြေစိုက် ကျောက်တူးဖော်ရေး ကုမ္မဏီတွေက မလိုချင်တော့တဲ့ စွန့်ပစ်မြေစာပုံတွေမှာ တနိုင်တပိုင် လုပ်ကိုင်နေသူ အနည်းဆုံး နှစ်သောင်းကျော်လောက် ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။