Monday, December 31, 2012

ပူတာအိုရှိ အစိုးရတပ်ဖွဲ့အတွက် ယာဉ်တန်းထွက်ခွာ

(Myitkyina blog)


မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်-ပူတာအို သို့ ယာဉ် ၁၂၀ ပါ ယာဉ်တန်း ဒီဇင်ဘာလ(၂၄)ရက်မှ စတင်ထွက်ခွာ လျက်ရှိသည်။ ယင်းယာဉ်တန်း တွင် ဆွမ်ပရာဘွမ်နှင့် ပူတာအိုဒေသရှိ မြန်မာအစိုးရစစ်တပ်အတွက် ရိက္ခာ၊ လက်နက်ခဲယမ်းများ စစ်တပ်အသုံးအဆောင်ပစ္စည်းများကို အဓိကသယ်ဆောင်ကြောင်း သိရှိရသည်။

ကုန်သည်များ၏ ကုန်ပစ္စည်းများကိုလည်း ယာဉ်တန်းတွင် အခကြေး ငွေပေးဆောင်၍ သယ်ယူပေးကြောင်း သိရှိရသည်။ မြစ်ကြီးနားမြို့မှ ပူတာအိုမြို့အထိ ဘိလပ်မြေတစ်အိတ်အတွက် သယ်ယူခ ကျပ် ၂ သောင်း၊ ပိသာ ၄၀ ၀င် ဆားတစ်အိတ် သယ်ယူခ ကျပ် ၁ သောင်းခွဲ နှုန်းပေးရကြောင်း သိရသည်။ အရပ်သားလိုက်ပါ စီးသူများလည်း အခကြေးပေးဆောင်ရကြောင်း သိရသည်။


ဤအကြိမ်သည် စစ်တပ်အတွက် အဓိကထွက်သောယာဉ်တန်းဖြစ်ပြီး နောက်တစ်ကြိမ် ယာဉ်တန်းရှိမှသာလျှင် ပူတာအိုဒေသခံများအတွက် အစားအစာနှင့် အခြားပစ္စည်းများကို သယ်ယူပို့ဆောင်ပေးမည်ဖြစ် ကြောင်း သိရှိရသည်။ ပူတာအိုဒေသတွင် ထွက်သောဆန်စပါးသည် ဒေသခံများအတွက် နှစ်စဉ်လုံလောက်မှုရှိ သော်လည်း နောက်ထပ် တိုး၍ ရောက်ရှိလာသော မြန်မာအစိုးရစစ်တပ်ဖွဲ့ဝင်များ၊ ကုမ္ပဏီဝန်ထမ်းများပါ ပူတာအို ဒေသထွက် ဆန်ကိုခွဲဝေစားသုံးရသဖြင့် စားနပ်ရိက္ခာများ ပြတ် လပ်ရှားပါးရခြင်းဖြစ်သည်။

ကချင်ဒေသအနှံ့ တိုက်ပွဲဖြစ်လာသောအခါ မြန်မာအစိုးရစစ်တပ်သည် ရိက္ခာပြတ်လတ်သဖြင့် ဒေသထွက် ဆန်များကို ခွဲဝေစားသုံးခဲ့ရခြင်း ဖြစ်သည်။ ပူတာအိုဒေသတွင် တိုက်ပွဲမရှိသောကြောင့် ဒေသခံလူထု သည် လယ်ယာလုပ်ငန်းကို ပုံမှန်လုပ်ကိုင်လျက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။