Sunday, December 30, 2012

၂၀၁၂ နှစ်မကုန်မီ ကချင်ပြည်နယ်တွင် ကြံ့ဖွံ့အစိုးရ စစ်တပ်များ အပြင်းအထန် ထိုးစစ်ဆင်

(မိုးမခ)


အများပြည်သူတို့ ခရစ်စမတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက် မိသားစုများ မိတ်ဆွေများ တွေ့ဆုံအနားယူကြချိန် ရက်သတ္တပတ်မှ စတင်ပြီး ကြံ့ဖွံွှ့အစိုးရ၏ လက်နက်ကိုင် စစ်တပ်များက ကချင်ပြည်နယ် တွင် ထိုးစစ်များ ဆင်ပြီး တိုက်ခိုက်လျက်ရှိသည်။

ပြည်ပနိုင်ငံအချို့က စစ်လက်နက်များ၊ စစ်အထောက်အကူ ပစ္စည်းများ ၀ယ်ယူလက်ခံရရှိသည့်သတင်းများ ထွက်ပေါ်ပြီး မကြာမီ မှာပင် စစ်လေယျာဉ်များ၊ ရဟတ်ယာဉ်များ အများအပြားသုံးပြီး ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် ဒေသအသီးသီးကို ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသည်။ လက်နက်မဲ့သည့် ဒေသခံပြည်သူများ သေကြေပျက်စီး ခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကြောင့် စစ်ပြေးဒုက္ခသည် သောင်းနှင့် ချီပြီး ဒုက္ခသည်စခန်းများ တောတွင်းဒေသများ၊ နယ်စပ်ဒေသများသို့ ထွက်ပြေးလျက်ရှိသည်။
 
စစ်ရေးအရ ကချင်ပြည်သူများကို ဖိနှိပ်နေခြင်းအပြင် ကချင်သတင်းဝက်ဆိုက်အချို့ကိုလည်း အင်တာနက်နည်းပညာများဖြင့် တိုက်ခိုက်ခြင်းခံရကြောင်း၊ ကချင်သတင်း (KachinNews.com)  အချိန် အတော်ကြာ ဒေါင်းသွားသည်ဟု ကချင်အရေးလှုံ့ဆော်သူတဦးက မိုးမခကို ပြောသည်။

ကချင်ပြည်နယ်ဒေသတွင် ပြည်တွင်းစစ်မီးတောက်လောင် နေချိန် အတွင်း မြေပြန့်နှင့် အခြားတိုင်းဒေသများက ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး လှုံဆော်မှုများ၊ စစ်ပွဲရပ်စဲရေး တောင်းဆိုမှုများ မကြာမီ ပေါ်ထွက်လာပြီး လက်ရှိအစိုးရကို ကန့်ကွက်ကြလိမ့်မည် မျှော်လင့် ကြောင်း ရန်ကုန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတဦးက ပြောဆို သည်။ ၎င်းက ၂၀၁၃ နှစ်ဆန်းတွင် ကချင်ပြည်နယ် စစ်ပွဲများ ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆုတောင်းလှုပ်ရှားမှုများ ပြုလုပ်ရန် ရန်ကုန်မြို့ တွင် စီစဉ်နေကြောင်း ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။