Monday, December 3, 2012

ရှားထိုက်တောင် ဗမာစစ်တပ်ကို ကေအိုင်အေမျိုးချစ်ရဲဘော်များ တိုက်ခိုက် သိမ်းပိုက်

(Jinghpawkasa)

ဒီဇင်ဘာ (၃) တနင်္လာ

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၁) လက်အောက် ပန်ဝါဒေသ ကချင်ပြည် နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၅ နှင့် ၆) ကြား ရှားထိုက်တောင် ဗမာအစိုးရ စစ်တပ် စခန်းကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဒီဇင်ဘာ (၂) ရက် နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိပါ သည်။  ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ကြား ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဗမာစစ်တပ်ကို ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ အရေးကြီး စစ်ဗိုလ်တစ်ဦးကျဆုံးကြောင်း၊ ကျဆုံးသွားသော  ဗမာ စစ်ဗိုလ်၏ အလောင်းကို ဗမာအစိုးရမှ ရဟတ်ယဉ်ဖြင့် လာရောက် တင်ဆောင်သွားကြောင်းနှင့် တပ်သားအများအပြားလည်း ကျဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော် များဘက်မှလည်း ဒဏ်ရာရရှိသူရှိကြောင်း သိရှိရပါသည်။ ယခုအခါ ဗမာစစ်တပ်မှ လက်လွတ်လိုက်ရသော စခန်းကို ပြန်လည်ရရှိနိုင်ရန် စစ်အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။