Friday, December 21, 2012

ဒီဇင်ဘာ (၂၁) ရက်နေ့ မနက်ပိုင်း ပြည်တွင်းစစ်အခြေအနေ

(Myitkyina Blog)


ထိုးစစ်ပြင်မှုကို ဟန့်တားတိုက်ခိုက်
ဒီဇင်ဘာလ(၁၉)ရက်နေ့ ညသန်းခေါင်အချိန်တွင် ရွှေညောင်ပင် တပ် စခန်းမှတဆင့် ဂျာပူ(Ja Pu)သို့ ချီတက်လာသော အင်အား(၃၅၀)ခန့် ပါဝင်သော စစ်ယာဉ်(၃၇)စီး မြေထိုးစက် ဘူဒိုဇာ(၂)စီးပါ စစ်ကြောင်းကို KIA တပ်ဖွဲ့ဝင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရစစ်တပ်ဖွဲ့များ ထိခိုက်မှုများကာ မြေထိုးစက်တစ်စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်း သည် ဂန်ဒေါ်ယန်သို့ ဆက်လက်ချီတက်ကာ KIO ဗဟိုဌာနချုပ် ကို မြောက်ဖက်မှထိုးစစ်ဆင် ရန် စီမံချက်နှင့် ချီတက်လာ သော တပ်ဖွဲ့ဖြစ်သည်။


စစ်ယာဉ်တန်း ဒေါ့ဖုန်းယန်ရောက်ရှိ
ဗန်းမော် – မိုးမောက် – မြို့သစ် လမ်းကြောင်းမှချီတက်လာသော ၁၀၅ မမ (၂)လက်နှင့် သံချပ်ကာ ကား(၂)စီး တင်ဆောင်လာသော စစ်ယာဉ် တန်း(၂၀)ကို ဒီဇင်ဘာလ(၂၀)ရက် မနက်(၃)နာရီအချိန်တွင် တာလီ အနီး KIA တပ်ဖွဲ့က ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရ တပ်ဖွဲ့ ၀င်များ ထိခိုက်မှုရှိကြောင်း သိရှိရသည်။ ဆက်လက်ချီတက်လာ သော စစ်ယာဉ်တန်းကို မနက်(၄)နာရီအချိန်တွင် နွမ်လန်း(Num Lang) နှင့် အူထန်ယန် (U Htang Yang) ကြားတွင် ထပ်မံကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မနက်(၅)နာရီအချိန်တွင် ယင်းယာဉ်တန်းသည် ဒေါ့ဖုန်းယန်သို့ ရောက် ရှိကာ လက်နက်ကြီးတင်ဆောင်ထား သော ယာဉ်(၇)စီးသည် အမြောက် တပ်ရင်း(၃၆၄) တည်ရာ ခန်းကိုင်တောင်သို့ ရောက်ရှိကြောင်း သိရှိရ သည်။
၎င်းစစ်ကြောင်းသည် KIO ဗဟိုဌာနချုပ်ကို မုန်းလဲချောင်း (Mung Lai Hka)အတိုင်း ချီတက်ထိုးစစ်ဆင်ရန် စီစဉ်လျက်ရှိကာ ခန်းကိုင်တောင်မှ ၁၀၅ မမ အမြောက်များဖြင့် လိုင်ဇာမြို့တွင်းသို့ ပစ်ခတ်ရန် စီမံလျက်ရှိ ကြောင်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။