December 27, 2012
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လိုင်ဇာ ဗဟိုဌာနချုပ်
အနီးရှိ စစ်ပြေး ဒုက္ခသည် စခန်း ၅ ခုမှ ဒေသခံများကို မိမိလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ
ပြုလုပ်ထားရန် ယခုရက်ပိုင်အတွင်း အသိပေး ထားကြောင်း သိရသည်။
ဒုက္ခသည်များကို စခန်းအပြင် မထွက်ရန်နှင့် ကတုတ်ကျင်းများ တူးထား ရန် အသိပေးထားကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော် မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ဧရာဝတီသို့ ပြောသည်။ လတ်တလောတွင် လိုင်ဇာဌာနချုပ် အနီးအနားတွင် အစိုးရတပ်များ တိုးချဲ့လာနေကြောင်း သိရသည်။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။