Wednesday, December 5, 2012

မြစ်ကြီးနားမြို့မှ ဘိန်းကုန်သည် ပန်ချာဘီ ရူမီ

(Jinghpawkasa)

ကချင်ပြည်နယ် မြစ်ကြီးနား မြို့မတွင် ရွှေတူးဖော်ရေး ပစ္စည်များကို ဆိုင်ခန်းဖွင့်လှစ်ကာ စီးပွားရှာ ရောင်းချနေသော ပန်ချာဘီ ရူမီ ဆိုသူသည် ဆိုင်ခန်းကို ဗန်းပြကာ နောက်ကွယ်တွင် ဘိန်းဖြူ ဖြန့်ဖြူး ရောင်းချကာ ကြီးပွားချမ်းသာနေသူ တစ်ဦးဖြစ်ကြောင်း သတင်းကြားသိရပါသည်။ ကေအိုအိုအစိုးရမှ ပန်ချာဘီ ရူမီ ၏လုပ်ရပ်ကို သိရှိသောကြောင့် မူယစ်ဆေးဝါး တားဆီးပိတ်ပင်ရေး ဆောင်ရွက်ချက်အရ ဒီဇင်ဘာ (၄) ရက်နေ့တွင် ကေအိုင်အေ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) လက်အောက် တပ်ရင်း (၁၁) မှ လူလွတ်ကာ သတိပေးစာသွားပေးခိုင်းခဲ့ကြောင်း၊ ကေအိုင်အို အစိုးရမှ သတိပေးစာပေးရန် လွှတ်လိုက်သော လူငယ်ကို သူခိုးဟု စွပ်စွဲကာ လူအများနှင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။