Monday, December 24, 2012

ဒီဇင်ဘာ (၂၄) ရက် မနက်ပိုင်း ပြည်တွင်းစစ်သတင်းတိုများ


(Myitkyina Blog)

မြန်မာစစ်တပ်မှ ပြင်းထန်စွာ ထိုးစစ်ဆင်
ဒီဇင်ဘာလ(၂၃)ရက်နေ့ မနက်ပိုင်းမှစတင်၍ ခလရ(၂၉၈) ခမရ(၃၉၀)၊ ခလရ(၅၈) နှင့် အခြားတပ်ဖွဲ့ပူးပေါင်း စစ်ကြောင်း သည် KIA ရှေ့တန်း စခန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ မြစ်ကြီးနား အမှတ်(၅၀၃) လေတပ်စခန်းမှ Mi-25 ရဟတ်ယာဉ်(၂)စင်းပေါ်မှ 30 mm စက် သေနတ်ဖြင့် KIA ရှေ့တန်းကွမ်ရှောင်စခန်း ကို လာရောက်ပစ်ခတ် ခဲ့သည်။

မလိစခန်း(ရဲစခန်း) နှင့် ဂန်ဒေါ်ယန်တပ်စခန်း တို့မှလည်း ၁၂၀ မမ၊ ၈၁ မမ များနှင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်။
အမြောက်လက်နက်ကြီးကျည်(၆)လုံးသည် မြစ်ကြီးနား၊ ၀ိုင်းမော်သို့ ပို့လွှတ်နေသော မလိရေအား လျှပ်စစ်စက်ရုံအနီး လာရောက် ထိမှန်ခဲ့သည်။ အမြောက်ကျည်(၂)လုံးသည် ရေလွှဲပိုက်ကြီးမှ ၂၀၀ မီတာ အကွာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ဆင်ရေး ဆက်လက်ပြင်း ထန်လာလျှင် မြစ်ကြီးနား၊ ၀ိုင်းမော်သို့ ပေးပို့သော မလိရေအားလျှပ်စစ် စက်ရုံကို ယာယီရပ်ဆိုင်းရမည့်အခြေအနေသို့ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။


မြန်မာစစ်တပ်မှ စစ်ဆင်ရေးအတွက် ဗန်းမော်သို့ အင်အားဖြည့်
  • ဒီဇင်ဘာလ(၂၃)ရက် မနက်(၃)နာရီအချိန်တွင် မြန်မာ အစိုးရ တပ်ဖွဲ့ဝင်(၂၀၀)ခန့်သည် ဗန်းမော် မှ ခူးလီ၊ နားလိုင် ဘက်သို့ ချီတက်သွားကြောင်း သိရှိရသည်။
  • ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် မြစ်ကြီးနားမှ ဗန်းမော်သို့ ရဟတ် ယာဉ်ဖြင့် (၃)ကြိမ် မြန်မာအစိုးရတပ်ဖွဲ့များ ကို ပို့ဆောင်ပေးခဲ့ ကြောင်း သိရှိရသည်။
  • မြန်မာ့တပ်မတော်သည် KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာ ကို စိုးမိုးထိန်းချုပ်ပိတ်ဆို့ထားနိုင်ရေးအတွက် အထူးစစ်ဆင် ရေး ကွပ်ကွဲရေးရုံးကို ဗန်းမော်မြို့တွင် ဖွင့်လှစ်၍ စီမံချက်ချ မှတ်၊ ညွှန်ကြားမှုပြုနေကြောင်း သိရှိရသည်။

မြန်မာစစ်တပ်၏ မလိယန်ထိုးစစ် မအောင်မြင်
ဒီဇင်ဘာလ(၂၃)ရက် မနက်(၇)နာရီမှ (၈)နာရီခွဲအထိ ဂန်ဒေါ်ယန်(Gang Dau Yang) အမှတ်(၃၇၀) အမြောက်တပ်ရင်းမှ KIA ရှေ့တန်းစခန်းဖြစ် သော ကွမ်းရှောင်(Kum Shawng Post)ဘက်သို့ ၁၂၀ မမ ဖြင့် (၉)ကြိမ် ၈၁ မမ ဖြင့် (၅)ကြိမ် တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ် ခလရ(၂၉၈)၊ ခမရ(၃၉၀) ပူးပေါင်း အင်အား(၃၀၀)ခန့်သည် ကွမ်ရှောင် KIA စခန်းသို့ ချဉ်းကပ်လာကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ KIA တပ်ဖွဲ့မှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ သဖြင့် ထိုးစစ်ခေတ္တရပ်နားကာ မနက်(၉)နာရီခွဲမှ မွန်းလွဲ(၁)နာရီအထိ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
မြန်မာအစိုးရတပ်ဖွဲ့မှ ထိခိုက်မှုများလာသောအခါ မွန်းလွဲ(၁)နာရီမှ (၂)နာရီအကြား မြစ်ကြီးနား အမှတ်(၅၀၃) နန့်ပေါင်လေတပ်စခန်းမှ Mi-35 ရဟတ်ယာဉ်(၂)စီး လာရောက်ကာ ဒုံးကျည်၊ 30 mm machin gun များဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။ ရဟတ်ယာဉ်မှပစ်ခတ်မှုသည် မြန်မာ အစိုးရတပ်ဖွဲ့များ ရောက်ရှိနေသောနေရာများ သို့သာ အများအပြား ထိမှန်ကျရောက်ခဲ့ရာ အချင်းချင်းပစ်ခတ်သဖြင့် မြန်မာအစိုးရတပ်ဖွဲ့များ ထိခိုက်မှုများခဲ့ သည်။
KIA နှင့် ဖြစ်သော တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး (၁)ဦး ကျဆုံးကာ၊ ဒု-အရာခံဗိုလ်(၁)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ မြန်မာအစိုးရတပ်ဖွဲ့ဝင်များ၏ စစ်အသုံးအဆောင်ပစ္စည်း များနှင့် ကျည် အများအပြား၊ လက်ပစ်ဗုံး၊ မြေမြုပ်မိုင်း တို့ကို သိမ်းဆည်း ရခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။