Sunday, December 23, 2012

ဒီဇင်ဘာ (၂၂) ရက်နေ့ ပြည်တွင်းစစ် သတင်းတိုများ

(Myitkyina Blog)



လက်နက်ကြီးပစ်ခတ် ထိုးစစ်ဆင်

ဒီဇင်ဘာလ(၂၂)ရက် မွန်းလွဲပိုင်းတွင် ဒေါ့ဖုန်းယန် ခန်းကိုင်အမြောက် တပ်စခန်းမှ လဂျားယန် KIA တပ်စခန်း သို့ ၁၀၅ မမ ဟော်ဝင်ဇာ အမြောက် ဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ(၂၂)ရက်နေ့ မနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ဂန်ဒေါ်ယန် တပ်စခန်းမှ KIA တပ်စခန်းရှိရာ ကွမ်ရှောင် (Kum Shawng Post)ဘက်သို့ ၁၂၀ မမ ဖြင့် (၁၂)ကြိမ်၊ ၈၁ မမ အမြောက်ဖြင့် (၂၅)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။


ထိုးစစ်ကို ခုခံတိုက်ခိုက်

ဒီဇင်ဘာလ(၂၂)ရက်နေ့ မနက်ပိုင်းမှ ညနေ(၄)နာရီအထိ ဂန်ဒေါ်ယန် တပ်စခန်းမှ အမှတ်(၂၅၅) KIA လှုပ်ရှားတပ်ရင်းရှိရာ ကွမ်ရှောင်စခန်း (Kum Shawng Post)ဘက်သို့ လက်နက်ကြီးများဖြင့် အကြိမ်(၄၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်ပြီးသည်နှင့် ခလရ (၂၉၈)၊ ခမရ(၃၉၀)တပ်ဖွဲ့တို့သည် ကွမ်ရှောင် KIA တပ်စခန်းသို့ ခြေလျင် ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ကို KIA တပ်ဖွဲ့က ပြန်လည် ခုခံ တိုက်ခိုက်သဖြင့် မြန်မာအစိုးရတပ်ဖွဲ့ဝင်(၄)ဦး ကျဆုံးကြောင်း သိရှိရသည်။
ညနေ(၆)နာရီခန့်တွင် အဝေးမှနေ၍ KIA တပ်စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော မလိယန် လိမ္မော်ခြံသို့ KIA တပ်ဖွဲ့မှ ၆၀ မမ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ မြန်မာအစိုးရတပ်ဖွဲ့တို့၏ လက်နက်ကြီးကို ထိမှန် ကာ အစိုးရတပ်ဖွဲ့၏ လက်နက်ကြီးပစ်ကူပေးမှု ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

KIO ဌာနချုပ်ကိုချိန်ရွယ်သည့် လက်နက်ကြီးတိုးချဲ့

မိုးကောင်းအခြေစိုက် စကခ(၃)လက်အောက်ခံတပ်ဖွဲ့တို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နိုင်ရန် နေရာရွေးချယ်၍ အမြောက်ကြီးများကိုချိန်ရွယ်လျက် ရှိသည်။
ဒီဇင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းသည် ဒေါ့ဖုန်းယန်မြို့နယ် မန်ဆိုင် (Man Sai)ကျေးရွာတွင် ၁၂၀ မမ အမြောက်(၂)နက် နှင့် ယင်းရွာ၏ မြောက်ဘက် တောင်ကုန်းတွင် ၁၂၀ မမ အမြောက်(၁)လက် ထပ်မံတိုး ချဲ့ ကာ လိုင်ဇာဘက်သို့ချိန်ရွယ်ထားလိုက်ကြောင်း သိရှိရသည်။
ယခုအချိန်တွင် လိုင်ဇာဘက်သို့ ပစ်ခတ်တိုက်ခိုက်ရန် ခန်းကိုင် တောင်တွင် ၁၀၅ မမ၊ ၁၂၀ မမ မြောက်များ၊ ဘွမ်ဆောမ်တောင်တွင် ၁၂၀ မမ၊ ရှဒန်ပါတွင် ၁၂၀ မမ၊ မန်မော်တွင် ၁၂၀ မမ နှင့် ထပ်တိုး လာသော မန်ဆိုင် တွင် ၁၂၀ မမ (၃)လက် စသည်ဖြင့် လက်နက်ကြီး ဖြင့်ချိန်ရွယ်ထားကာ ထိုးစစ်ဆင်နွဲရန် အသင့်အနေအထား ပြင်ဆင်လျက် ရှိနေပြီ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။