Thursday, December 20, 2012

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်း ချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး

(Eleven Media Group)



၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရ ကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။


အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု လုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း တွေ့ ဆုံဆွေးနွေးနိုင်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့ထံ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင် အိုဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အကြောင်းပြန်ကြား ခြင်းမရှိသေးဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။

''အစိုးရဘက်က အကြောင်းကြားတာက ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်လိုပေမယ့် ဒီဇင်ဘာလ အတွင်းမှာ ကေအိုင်အို ဗဟိုမှာ ခရစ်စမတ်ပွဲတွေရှိတာကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း တွေ့ဆုံဖို့ ကမ်းလှမ်းကြောင်း အကြောင်းကြား လာပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင်အိုဘက် က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး''ဟု ဦးလမိုင်ဂွမ်ဂျာက ပြော ကြားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။