Saturday, December 29, 2012

ဗမာစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေဖြစ်သော ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၈) နယ်မြေ Nam Hkyem ကျေးရွာရှိ ဘုရားရှိခိုးကျောင်းအတွင်းသို့ ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ဗမာအစိုးရ စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပစ်မဲ့ ကလေး တစ်ဦး သေဆုံးပြီး၊ (၇) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ ထိုးစစ်ဆင်မှုကြောင့် Nam Hkyem ဘုရားကျောင်းဝင်းတွင် စစ်ပြေးဒုက္ခသည် (၅၀၀) ကျော် ထွက်ပြေးရောက်ရှိ လာပြီး၊ (၃၀၀) ခန့်မှာ ကွတ်ခိုင်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းနှင့် (၂၀၀) ကျော်မှာ Nam Hkyem ဘုရားကျောင်းတွင်ပင် ရှိနေသေးကြောင်း ဆက်လက်သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။