(Myitkyina Blog)
ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် ဖြစ်ပွားသော
ပြင်းထန်သည့်တိုက်ပွဲတွင် မြန်မာ့တပ်မတော်က ၁၀၅ မမ၊ ၁၂၀ မမ အမြောက်ဖြင့်၎င်း၊ မြန်မာ့
လေတပ်မှ ဒုံးကျည်များဖြင့်၎င်း အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက် ခိုက်ခဲ့သည်။
Mi-24 Gun Ship (၂)စင်းဖြင့်
သုံးကြိမ် ခေါက်တုန့်ခေါက်ပြန် ဒုံးကျည်၊ Machine Gun ဖြင့် ဒလစပ်ပစ်
ခတ်တိုက်ခိုက်ခဲ့သည်။ Mi-24 တစ်စင်း သည် တစ်ကြိမ်ပျံတက်လျှင် ဒုံးကျည်(၆)စီး
တင်ဆောင်နိုင်သဖြင့် ဒုံးကျည်ပေါင်း(၃၀)ကျော် ပစ်ခတ်ခဲ့သည်။
၁၀၅ မမ ဟော်ဝင်ဇာအမြောက်
ကျည်ပေါင်း(၁၀၀)ကျော် ပစ်ခတ်ခဲ့ရာ အမြောက်ကျည် (၁)လုံးသည် ကျပ်ငွေ သိန်း(၄၀)ခန့်
တန်ဖိုးရှိကြောင်း သိရသည်။ ထို့ကြောင့် ဒီ-၁၄ တိုက်ပွဲ တွင် ၁၀၅ မမ အမြောက်ကျည်၏
တန်ဖိုးသက်သက်ပင် မြန်မာကျပ်ငွေသိန်း(၅၀၀၀)ကျော်ခန့် သုံးဖြုန်း လိုက်ကြောင်း
ခန့်မှန်းတွက်ချက်နိုင် သည်။
အခြားလက်နက်ကျည်ဖြစ်သော ဒုံးကျည်၊ ၁၂၀
မမ အမြောက်ကျည်၊ RPJ ဒုံးကျည် စသော လက်နက်ကျည် အားလုံး၏တန်ဖိုးကို တွက် ချက်ပါက
တစ်ရက်တည်းဖြစ်သောတိုက်ပွဲတွင် ကျပ်ငွေသိန်းတစ်သောင်း ခန့် မြန်မာ့တပ်မတော်ဘက်
သုံးဖြုန်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။