Thursday, November 8, 2012

ကေအိုင်အေတပ်ရင်း (၅) ဒေသတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၅) လက်အောက် ကေအိုင်အေ တပ်ရင်း (၅) ဒေသဖြစ်သော ၀၀မ်ကျေးရွာ အနီးတွင် နိုဝင်ဘာ (၇) ရက် နေ့လည်ပိုင်း (၂း၀၀) နာရီ အချိန်ခန့် တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ် ခလရ (၁၄၁) တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှာ (၇) ဦးသေဆုံးကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သော အပါတ်တွင်လည်း ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ် နယ်မြေဖြစ်သော ဖားကန့်ဒေသ တွင် ဗမာစစ်အစိုးရ စစ်တပ် အခြင်းခြင်း (၁၂၀မမ) လက်နက်ကြီးများဖြင့် မှားယွင်းပစ်ခဲ့မှု ဖြစ်ပွားခဲ့ ကြောင်း၊ ဤသို့အခြင်းခြင်းမှားယွင်းကြောင့် ဗမာစစ်သား အများ အပြား  သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ သေဆုံး ဒဏ်ရာရရှိ သော ဗမာအစိုးရ စစ်သားများကို မြစ်ကြီးနား ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ၄၊၅ ခါ သယ်ယူခဲ့ရကြောင်း သတင်းရရှိပါသည်။ ဤသို့ ဗမာအစိုးရ စစ်တပ် အချင်းချင်းမကြာခဏမှားယွင်း ပစ်ခတ်မှုဖြစ်ပွားရခြင်းမှာ ဗမာ အစိုးရမှ ကချင်ပြည်နယ်အတွင်းသို့ စစ်အင်းအား အများအပြား ပို့ဆောင် ထားခြင်းကြောင့်ဖြစ်ပြီး၊ တပ်ရင်းတစ်ရင်းနှင့် တစ်ရင်းမှတ်မိခြင်း မရှိသော ကြောင့် မှားယွင်းပစ်ခတ်မှု မကြာခဏဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။