Thursday, November 15, 2012

ဖားကန့်လမ်းတိုက်ပွဲ ဗမာစစ်သား အကျများ

 (Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - ဖားကန့်လမ်း ဂေါ်ရီ၊ နန့်ဟိုင် ကျေးရွာများတွင် နိုင်ဝင်ဘာ (၁၄) ရက်နေ့၌ ဖြစ်ပွားသော တိုက်ပွဲများတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ (၁၈) ဦးကျဆုံးကြောင်း သတင်းရရှိပါသည်။ နိုဝင်ဘာ (၁၄) ရက်နေ့၌ပင် ဒိန်ကီးကျေးရွာ၌ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ်တို့ကြား ဖြစ်ပွားသော တိုက်ပွဲမှ ဒဏ်ရာရ ဗမာစစ်သား (၁၈) ဦးကို ကားမိုင်းဆေးရုံသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ တစ်ဦးမှာ ဆေးရုံရောက်ရောက်ခြင်း သေဆုံးသွားကြောင်း ဆက်လက်သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။