Tuesday, November 13, 2012

ဆွမ်ပရာဘွမ်လမ်း မိုင်တိုင် (၅၆) တွင်တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ် ချုပ်နယ်မြေဖြစ်သော မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်း မိုင်တိုင် အမှတ် (၅၆) ၀မ်ယန်ကျေးရွာနှင့် ကရန်ကျေးရွာကြားတွင် နိုဝင်ဘာ (၁၂) ရက်နေ့ မနက် (၁၀း၄၀) နာရီခန့်တွင် ဗမာအစိုးရ၏ တပ်မ (၃၃) မှ စစ်ကြောင်းကို ကေအိုင်အေ အမှတ် (၁၀၁) တပ်ရင်းမှ မျိုးချစ်ရဲဘော်များ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဗမာအစိုးရစစ်တပ်များသည် မြစ်ကြီးနား - ဆွမ်ပရာဘွမ် ကားလမ်းပြင် ဆင်ရန် အကြောင်းပြပြီး ဆွမ်ပရာဘွမ်ဒေသသို့ စစ်အင်အား (၁၀၀၀)  ကျော်နှင့် လက်နက်ကြီးများသယ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရရှိ ပါ သည်။ ဤသို့ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ် တို့ တိုက်ပွဲ ဖြစ်ပွားရာ ဗမာအစိုးရ စစ်တပ်ဘက်မှ ရဲဘော် (၄) ဦးသေဆုံး ပြီး၊ (၃) ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သတင်းရရှိပါ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။