Thursday, November 29, 2012

ဗမာအစိုးရစစ်တပ် စစ်ပြေးဒုက္ခသည်စခန်းကို မီးရှို့ဖျက်ဆီး

(Jinghpawkasa)


ကေအိုင်အိုအစိုးရ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) အုပ်ချုပ်နယ်မြေဖြစ်သော မူဆယ် - မုံကူးလမ်း ဖိုင်ကွန်ကျေးရွာရှိ စစ်ပြေးဒုက္ခသည်စခန်းကို ဗမာအစိုးရ စစ်တပ် ခလရ (၂၄၀) မှ နိုဝင်ဘာ (၂၈) ရက်နေ့ ညနေပိုင်း (၃း၄၀) နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှပါသည်။ ကေအိုင်အေ တပ်ရင်း (၂၆) လက်အောက်မှ မျိုးချစ် ပြည်သူ့စစ်ဗမာအစိုးရ ရဲဘော်များနှင့် ဗမာအစိုးရစစ်တပ်များ သည်  နိုဝင်ဘာလ (၂၈) ရက်နေ့ မနက် (၈း၃၀) နာရီအချိန်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ဤတိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှာ အထိနာခဲ့သဖြင့် ယခုကဲ့သို့ စစ်ပြေးဒုက္ခသည် စခန်းကို မီးရှို့ဖျက်ဆီး ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရစစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ပြေး ဒုက္ခသည် စခန်းရှိ အိမ်ခြေ (၅၀) ကျော်မီးလောင် ပျက်စီးသွားကြောင်း ဆက်လက်သိရှိရပါသည်။ ဗမာအစိုးရ စစ်တပ်များသည် ဖိုင်ကွန်ကျေးရွာမှ ဘုရားရှိခိုးကျောင်း အတွင်း ရွာသားများကို စုဆောင်းထားပြီး မေးမြန်းနှိပ်စက်ခဲ့ ကြောင်း၊ ညနေပိုင်းတွင် အမျိုးသမီးများကို ပြန်လည် လွှတ်ပေး ခဲ့သော်လည်း၊ အမျိုးသား (၂၀) ကို ဆက်လက် ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။