Thursday, November 15, 2012

ဂေါ်ရီကျေးရွာတွင် ဗမာစစ်သား (၈) ဦးသေဆုံး

(Jinghpawkasa)

ကချင်ပြည်နယ် အေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - ကားမိုင်းလမ်း ဂေါ်ရီကျေးရွာတွင် နိုဝင်ဘာ (၁၄) ရက်နေ့၌ ဖြစ်ပွားသော ကေအိုင်အေ တပ်ရင်း (၆) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ၏ တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ (၈) ဦးသေဆုံး ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ စစ်အင်အားအပြည့် တင်ဆောင်လာသော ဗမာအစိုးရ စစ်ကားတစ်စီးကိုလည်း ဖောက်ခွဲဖျက်ဆီး နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤဂေါ်ရီ ကျေးရွာ၌ပင် ညနေပိုင်း (၄း၃၀) နာရီအချိန်၌ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။