Monday, November 12, 2012

နန်နားရေတံခွန်အနီးတိုက်ပွဲဖြစ်

(jinghpawkasa)



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ ကေအိုင်အေ တပ်ရင်း (၃) ဒေသ ဖြစ်သော နန်နား ရေတံခွန် အနီးတွင် နိုင်ဝင်ဘာ (၁၁) ရက်နေ့ နေ့လည်းပိုင်း (၁း၀၀) နာရီအချိန်ခန့်တွင် ကေအိုင်အေ တပ်ရင်း (၃) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ် ခမရ (၄၁၅) တပ်တို့ တိုက်ပွဲပြင်းထန်စွား ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပါသည် ။ ဗမာအစိုးရသည် ကေအိုင်အိုအစိုးရနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်နေသော်လည်း ကေအိုင်အို အုပ်ချုပ် နယ် မြေများသို့ စစ်အင်အား၊ လက်နက်အင်အားများ အဆက် မပြတ်ပို့ဆောင် နေလျက်ရှိကြောင်း စုံစမ်းသိရှိ ရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။