Wednesday, October 10, 2012

လွယ်ဂျေဘွမ်တိုက်ပွဲ မြန်မာအစိုးရစစ်သား ၂ ဦးကျ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၅ မိုင်အကွာရှိ လွယ်ဂျေဘွမ် (Loi Je Bum) တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) တပ်ရင်း (၂၄)နှင့် မြန်မာအစိုးရတပ် ခမရ ၃၂၀ တို့သည် ယနေနံနက် ၁ နာရီခွဲမှ ၃ နာရီထိ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ ၂ ဦးသေဆုံးကြောင်း ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကျနော်တို့သွားတိုက်တာ အားလုံးကအိပ်ပျော်နေကြတယ်။ Duty ယူနေတဲ့ ၂ ယောက် ကလည်း အိမ်ငိုက်နေကြ တယ်။ အဲ ၂ ယောက်ကို တစ်ခါထဲ ပစ်သတ်ခဲ့တယ်။ ဒဏ်ရာရတဲ့ သူလည်းများမယ်။” ဟုရှေ့တန်းမှ ဆိုသည်။

ထိုသို့နှစ်ဖက်ဘက်မှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြရာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ဒဏ်ရာရှိသွားကြောင်းသိရသည်။


“ကျနော်တို့ဘက်က အင်အားနည်းသွားတော့ သူတို့ဘက်ကအပြင်းအထန် ပြန်ပစ်လာတော့ ကျနော်တို့ ဘက်ကလဲ ၁ ယောက် ဒဏ်ရာရသွားလို့ ကျနော်တို့ ပြန်သွားတယ်။”

ဒဏ်ရရှိသူကို ရှေ့တန်းဆေးရုံတွင် ပို့ထားကြောင်း သိရသည်။

၎င်းလွယ်ဂျေဘွမ် (Loi Je Bum) တွင် မြန်မာအစိုးရစစ်အင်အား ၄၀ ကျော်ရှိကြောင်းသိရသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲများ နေ့စဉ်လိုဖြစ်ပွားနေပြီး နှစ်ဖက်အကျအဆုံး ဒဏ်ရာရသူများရှိကြောင်း သိရသည်။ သို့သော် နှစ်ဖက် ကျဆုံးမှုများနှင့်ပတ်သက်၍ တိကျစွာ အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။