Tuesday, October 9, 2012

နောင်းဆိုင် နှင့် ရွှေအိုက်ကြားတိုက်ပွဲဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည် ကေအိုင်အို အစိုးရ ကေအိုင်အေ တပ်မဟာ (၄) နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း နောင်းဆိုင် - ရွှေအိုက် ကြားတွင် ကေအိုင်အေ တပ်ရင်း (၃၆) မှ မျိုးချစ်ရဲဘော်များနှင့် စစ်အစိုးရ စစ်တပ်များ အောက်တိုဘာ (၈) ရက် မနက် (၉း၃၀) နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် စစ်အစိုးရဘက်မှ (၂) ဦးသေဆုံးပြီး၊ (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ဒဏ်ရာရရှိသော စစ်အစိုးရစစ်သားများကို ည (၁၁း၀၀) နာရီအချိန်တွင် မူဆယ် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် ဒုတပ်ရင်မှူးမှာ ဆေးရုံရောက်ပြီး သေဆုံးသွားကြောင်းလည်း သတင်းရရှိပါသည်။ ဆက်လက်ပြီး မနက် (၂း၀၀) နာရီအချိန်ခန့်တွင် ဖိုင်ကောင် အနီး ရေပူစမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆက်လက် သတင်းရရှိပါသည်။ ယခုအခါ လူဝတ်လဲ စစ်အစိုးရသည် ကေအိုင်အိုနယ်မြေများသို့ စစ်အင်အားများ အလွန်အကျွံ တို့ချဲ့ချထား လျက်ရှိကြောင်း ကိုလည်း သိရရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။