Tuesday, October 23, 2012

ဗမာစစ်တပ်အချင်းချင်းပစ်ခတ်မှု လွယ်ဂျယ်တွင်ဖြစ်ပွား

(Jinghpawkasa)

အောက်တိုဘာ (၂၃) အင်္ဂါ

 ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေ ကေအိုင်အေ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) ဒေသ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော လွယ်ဂျယ်တွင်  ဗမာအစိုးရစစ်တပ်အချင်းချင်း ပစ်ခတ်မှု အောက်တိုဘာ (၂၀)၊ ည (၁၀း၄၅) နာရီခန့်တွင် ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့ အချင်းချင်းပစ်ခတ်ရခြင်းမှာ လွယ်ဂျယ် အခြေစိုက် ဗမာအစိုးရ ရဲစခန့်မှ ရဲသားနှစ်ဦး တရုတ်ပြည် တွင်းသို့ ထွက်ပြေးခိုလုံသွားခြင်းကို တာဝန်ရှိ ဗမာအစိုးရရဲ များ  သေနတ်ဖြင့်လိုက်ပစ်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဗမာအစိုးရ ရဲများထွက်ပြေးသွားသော ရဲ နှစ်ဦးကို လိုက်ပစ်ရာ၊ ဘုရား ကုန်းပေါ်ရှိ ဗမာအစိုးရ စစ်တပ်မှ ကေအိုင်အေများ လာ ရောက်ပစ်ခတ် သည်ဟုယူဆမိသောကြောင့် သေနတ်သံကြားရာသို့ ဘုရားကုန်း စစ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ ပါသည်။

There was firing each others in different Burmese Government troops in Loi Je, which is under the KIA (3rd) Brigade area Eastern Kachin State, on 20th October, according to KIA front-line officer report. At 10:45 PM that day, while the two Government police ran away to the China boundary, the rest of the police followed and shoot them. At that time, the Burmese troops, which is located on the Pagoda hill, thought that KIA came and fired, thus, the Government troops fired with heavy artillery weapon to the Government police place.

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။