Tuesday, October 16, 2012

ဗမာစစ်သားများ ဒုက္ခသည်စခန်းသို့ ပစ်ခတ်

(Jinghpawkasa)


အောက်တိုဘာ (၁၆) အင်္ဂါ



ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) နယ်မြေဖြစ်သော ပန်ဝါဒေသ ကချင်ပြည်နှင့် တရုတ်ပြည် နယ်ခြား မှတ်တိုင် အမှတ် (၆) တရုတ်ပြည်ဘက်ခြမ်းရှိ စစ်ဘေးဒုက္ခသည်စခန်း သို့ ဗမာအစိုးရစစ်တပ် ခလရ (၇၇) မှ အောက်တိုဘာ (၁၅) ရက်နေ့ ညနေပိုင်း (၂း၀၀) နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်သားများပစ်ခတ်လိုက်သော ငါးကြင်း မှီး လက်နက်ကျည်ဆံ ထိမှန်သောကြောင့် စစ်ဘေးဒုက္ခသည်စခန်းမှ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး ခြေထောက်ပြတ်သွားပြီး၊ ဘယ်ဘက်လက်တွင်လည်း ကျည်ဆံထိမှန်သွားကြောင်း သတင်း ရရှိပါသည်။

(4) years old refugee kid  was cut off the leg from the Burmese  unit (77) infantry’s heavy artillery weapon firing, in the Chinese side refugee camp near the Border pass (6) Pan Wa, which is under KIA (1st) brigade, northern Kachin State, according to the KIA front-line officer report. At 2:00 PM, the Government’s unit (77) infantry fired heavy artillery weapon to the Kachin Refugee camp, it is based on Chinese boarder side on that day. One of the Kachin refugee kids hurt on the left hand and cut off the leg as the artillery shells.

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။