Tuesday, October 2, 2012

ကာ/လုံအစည်းအဝေးမှ ငြိမ်းချမ်းရေး ဆန္ဒပြမှုများအပေါ် သဘောထားများ

(စည်းလုံးခြင်းရဲ့ အင်အား)


၂၀၁၂ ခုနှစ် စက်တင်ဘာလ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ကချင်ပြည်နယ်စစ်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒပြနေသည့် ပြည်သူများ

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရေးအတွက် စစ်မက်ဖြစ်ပွားနေသော နေရာများမှ စစ်ပွဲများ ရပ်ဆိုင်းနိုင်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများအပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှ သဘောထား မှတ်ချက်များ ကြားသိခဲ့ရကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်သို့ နေပြည်တော်နှင့် နီးစပ်သူများမှ သတင်းပေးပို့လာပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် ပြည်ထဲရေးဝန်ကြီးဌာနက ဆန္ဒပြမည့် သတင်းများကို တင်ပြရကြောင်း၊ ဆန္ဒပြသူများ၏ တင်ပြချက်၊ ၎င်းတို့၏ ရည်ရွယ်ချက်များကို ဖော်ပြရကြောင်း၊ အစည်းအဝေး တက်ရောက်သူများက အပြန်အလှန် ဆွေးနွေးကြရပြီး ထိုဆန္ဒပြပွဲကို ခွင့်ပြုရန် သင့်/မသင့် ဆုံးဖြတ်ပေးသည်ဟု သိရပါကြောင်း၊ စစ်ပွဲများအမြန်ရပ်ဆိုတဲ့ ခေါင်းစဉ်ဖြင့် တင်ပြလာသောအဖွဲ့များ ဖြစ်ကြတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်၊ Generation Wave စသည့် အဖွဲ့ပေါင်းစုံ၏ တင်ပြချက်များအပေါ် ကာ/လုံအဖွဲ့ဝင်များက ခွင့်ပြုရန်မသင့်ဟု ဆွေးနွေးခဲ့ပါကြောင်း၊ KIO အဖွဲ့အစည်းရဲ့ ပယောဂမကင်းဟု ယူဆသူများလည်း ရှိနေကြောင်း၊ နေပြည်တော်ကို KIO အား လာရောက်ဆွေးနွေးရန် ကမ်းလှမ်းချက်အား KIO မှ ချက်ချင်းတုန့်ပြန်ခြင်း မရှိသည့်အပေါ် ဘ၀င်မကျ ဖြစ်သည်ဟု ကြားသိရကြောင်း၊ ထိုငြိမ်းချမ်းရေး ဆုတောင်း ဆန္ဒပြပွဲများကို ခွင့်ပြုလိုက်မည်ဆိုပါက တစ်နိုင်ငံလုံး ပြန့်နှံ့သွားနိုင်ပြီး နိုင်ငံတကာ ဖိအားပါ အစိုးရအပေါ် ၀င်ရောက်လာနိုင်ကြောင်း၊ ဒါ့အပြင် နိုင်ငံတကာနယ်ပယ်မှာ သမ္မတရဲ့အမိန့်ကို တပ်မတော်က မနာခံဟု သတင်းထွက်နေကြောင်း၊ အစိုးရက မသိကျိုးကျွံပြုပြီး တပ်မတော်ကလည်း စစ်ပွဲကို ဦးဆောင်နေတယ်လို့ ထင်နေကြောင်း၊ ဘင်္ဂလီကိစ္စနဲ့စပ်လျဉ်းပြီး သမ္မတကို ထောက်ခံသည့် ဆန္ဒပြပွဲကိုတော့ ခွင့်ပြုပြီး ငြိမ်းချမ်းရေးကိုတော့ ခွင့်မပြုသည့်အတွက် ထောက်ကွက်တစ်ခု ဖြစ်နေကြောင်း၊ ဘာပဲဖြစ်ဖြစ် သမ္မတက တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ရှိနေလို့ ဆန္ဒပြပွဲများကို ခေတ္တထိန်းချုပ် တားဆီးထားပြီး ပြန်လာပါက ဆက်လက် ကိုင်တွယ်ဖြေရှင်းမည်ဟု သိရပါကြောင်း သတင်းရရှိပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။