Monday, October 15, 2012

ဗမာအစိုးရစစ်တပ်များ ပြည်သူများ၏ ငွေကြေး ဥစ္စာပစ္စည်းများ လုယက်ခိုးယူ

(Jinghpawkasa)


အောက်တိုဘာ (၁၅) တနင်္လာ


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေဖြစ်သော ဖားကန့်ဒေသ ကထန်ယန် ကျေးရွာတွင် ရောက်ရှိ နေသော ဗမာအစိုးရစစ်တပ် တပ်မ (၈၈) မှဗမာစစ်သားများသည် ဒေသခံပြည်သူများ၏ ငွေကြေး ဥစ္စာပစ္စည်းများကို လုယက် ခိုးယူလျက် ရှိကြောင်း သတင်းရရှိပါသည်။ အောက်တိုဘာ (၁၃) ရက်နေ့တွင် ဗမာအစိုးရစစ်သားများသည် ကထန်ယန် ကျေးရွာမှ ဦးဒရှီနော်ဘောက် ၏နေအိမ်မှ ကျပ်ငွေ (၁) သိန်းကို လုယူသွားခဲ့ကြောင်း ကြားသိရပါ သည်။ ဤဗမာအစိုးရ စစ်သားများသည် ဖားကန့်ဒေသသို့ စစ်အင်အား ဖြည့်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး အင်အား (၅၀) ကျော်ရှိကြောင်းကို လည်း သိရှိရပါသည်။ ဤဗမာအစိုးရစစ်တပ်အဖွဲ့တွင် အပြင်းအထန် နာမကျန်းဖြစ်နေသော တပ်ကြပ်ကြီးတစ်ဦး လည်းပါရှိကြောင်း  ဒေသ ခံများမှ သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။