Wednesday, October 10, 2012

ကျောက်ဖျာကွေ့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော ဖားကန့် ဒေသ ကျောက်ဖျာ ပစောက်ကွေ့တွင် ယနေ့မနက် (၇း၀၀) နာရီ အချိန် ကေအိုင်အေ တပ်ရင်း (၆) လက်အောက် အမှတ်ခြောက် (၆) ပြည့်သူ့စစ်တပ်ဖွဲ့များနှင့် စစ်အစိုးရ စစ်တပ် တပ်ရင်းများဖြစ်သော ခလရ (၂၈၁)၊ (၂၈၂)၊ (၃၀၉)၊ (၈၉) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် အစိုးရစစ်တပ်ဘက်မှ (၃) ဦးသေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။  ဆက်လက်ပြီး လယ်ပြင်အရပ်နှင့် လုံးခင်း ကြားသို့ ရောက်ရှိလာသော ဤစစ်အစိုးရစစ်ကြောင်းများကို ကေအိုင်အေ တပ်ရင်း (၆) လက်အောက်မှ ဗိုလ်ကြီး လီဆူးတူးအောင် ဦးဆောင်သော (၀ရ) မျိုးချစ်ရဲဘော် များမှ ပြန်လည် ဆီးကြိုက်တိုက်ခိုက်ခဲ့ကြောင်း နှင့် စစ်အစိုးရတပ်ဘက်မှ (၃) ဦးသေးဆုံးကြောင်း သေဆုံးသွားသော စစ်အစိုးရ စစ်သားများကို လယ်ပြင်ကျေးရွာတွင် လာရောက်မြုပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

(3) Burmese soldiers killed and (7) wounded in the severe battle between KIA’s volunteer troops (6) under KIA (6) battalion and Burmese Government intruder of light infantry (281), (282), (309) and (89), on this morning 07:00 AM, at the Hpa Kant region, Kyawk Hpya U turn, which is under KIA (2) brigade, Western Kachin State, according to the KIA front-line report. Continuously,  under KIA’s (6) battalion, by the leading of Captain Lisu Tu Awng and his KIA (07) battalions waited and opened fire  the invader of the same Burmese Government’s troops  between the  Leh Pyin and Lung Hkang regions. During the battle, (3) Burmese soldiers were killed and buried at the Leh Pyin village.

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။