Thursday, October 18, 2012

နမ့်ဆန်ယန်တံတားတွင် တိုက်ပွဲဖြစ်ပွား

(Jinghpawkasa)


အောက်တိုဘာ (၁၈) ကြာသာပတေး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) ကေအိုင်အေ တပ်ရင်း (၁၈) နယ်မြေဖြစ်သော မြစ်ကြီးနား - လိုင်ဇာလမ်း နမ့်ဆန်ယန်ကျေးရွာ တံတားတွင် ကေအိုင်အေ ပြည်သူ့စစ် မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ကြား အောက်တိုဘာ (၁၇) ရက် မနက် (၉း၀၀) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်တပ်များက ဒွမ်ဘန်ဘွမ် စခန့်းမှနေပြီး (၈၁ မမ) နက်လက်ကြီးများဖြင့် နမ့်ဆန်ယန် ရွာအတွင်း ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာ စစ်တပ်ဘက်မှ တစ်ဦး သေဆုံးကြောင်းလည်း ဆက်လက်သတင်း ရရှိ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။