Monday, October 15, 2012

ဦးဘရန်ရှောင်အမှု ရှေ့အပါတ်တွင် အမိန့်ချမည်


(မဇ္စျိမ) ။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟု စွပ်စွဲခံရသူ ဦးလထော် ဘရန်ရှောင် အား စွဲချက်တင်သင့် မတင်သင့်ကို လာမည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အမိန့်ချမှတ်မည်ဟု သိရှိရသည်။

မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင်နှစ်ခြင်းဘုရားကျောင်းရှိ ဒုက္ခသည် စခန်းအတွင်းမှ ဇွန်လ ၁၇ ရက်နေ့က ဖောက်ခွဲမှုဖြင့် စွပ်စွဲကာ ဖမ်းဆီးလာခဲ့သည့် ကိုဘရန်ရှောင်အား ဇူလိုင်လတွင် မတရားသင်း ဆက်သွယ်မှုဖြင့် ပြောင်းလဲစွပ်စွဲ ခဲ့ခြင်း ဖြစ်သည်။

ဦးဘရန်ရှောင် KIO ဝန်ထမ်းဖြစ်ကြောင်း တရားလိုဘက်မှ ထွက်ဆိုချက် များမှာ စစ်ကြောရေးအတွင်း ညှဉ်းပမ်းနှိပ်စက် မှုဖြင့် ရရှိလာသည့် ထွက်ဆိုချက်များသာဖြစ်၍ ခိုင်လုံသည့် အခြားအထောက်အထား မရှိကြောင်း ရှေ့နေ ဦးဂျီမာခါး က ဆိုသည်။

ထို့ကြောင့် စီရင်ထုံးများအရ စွဲချက်မတင်သင့်ဘဲ အပြီးအပြတ် လွှတ် သင့်ကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေက တနလာင်္နေ့ ရုံးချိန်းတွင် လျှောက်လဲချက် ပေးခဲ့သည်။

တရာလိုဘက်မှ ရှေ့နေကမူ စစ်ကြောရေး ဖြောင့်ချက်အပေါ် မူတည်၍ ဦးဘရန်ရှောင် အမှုအား စွဲချက်သင်တင့်ကြောင်း လျှောက်လဲခဲ့သည်ဟု ရှေ့နေ ဂျီမာခါးက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။