Wednesday, October 24, 2012

မဒဲန်ရွာသားများ၏ ဥစ္စာပစ္စည်းများကို ဗမာစစ်တပ်မှ လုယူ

(Jinghpawkasa)


အောက်တိုဘာ (၂၄) ဗုဒ္ဓဟူး


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေဖြစ်သော မိုးကောင်း - ဖားကန့်လမ်း ကားမိုင်းမြို့အနီး မဒဲန်ကျေး ရွာတွင် အောက်တိုဘာ (၂၂) ရက်နေ့ ဗမာအစိုးရ၏ တပ်မ (၈၈) မှ စစ် ကြောင်းများရောက်ရှိလာပြီး ရွာသားများ၏ ငွေကြေး၊ ဥစ္စာပစ္စည်းများကို လုယူပြီး၊ ရွာသူရွာသားများ ကိုလည်း ညှင်းပန်းနှပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ အောက်အိုဘာ (၂၂) ရက် ည (၈း၀၀ မှ ၉း၀၀) နာရီအတွင် ဗမာစစ်သားများမှ မဒဲန်ရွာမှ ကချင်နှစ်ခြင်း သင်းထောက်ဆရာ ဦးလဟီး ခေါင်ဒေါင် နေအိမ်မှ ဦးလဟီးခေါင်ဒေါင်၏ အမှုတော်ထမ်း (၂၅) နှစ်ပြည့် ဂျူဗလီ အထိမ်းအမှတ် ရွှေလက်စွပ် (၂) ကွင်း၊ နားဒေါင်း  (၁) စုံနှင့် အ၀တ်အစားများကို လုယူသွားကြောင်း၊ ဆက်လက်ပြီး ဦးထိန်မန်ယော် ၏ ဈေးဆိုင်မှ ကုန်ပစ္စည်းများကိုလည်း ဗမာစစ်သားများ ကြိုက်နှစ်သက် ရာ များကို ယူသွားပြီး၊ ကျန်ပစ္စည်းများကို အကုန်ဖျက်ဆီးထားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ စစ်သားများမှ မဒဲန်ကျေးရွာသား ဦးဇခုန် ဇော်ခါး (အသက် (၄၀) ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆက်လက် သိရှိရပါသည်။ 

ဤဗမာအစိုးရ စစ်တပ်များသည် မဒဲန်ကျေးရွာမှ ထွက်ခွာသွားပြီး နန့်ဟိုင် ကျေးရွာသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း၊ စစ်အင်းအား (၄၀) ခန့်က လွယ်ဆိုင်ရွာတွင်နေရာယူထားကြပြီး၊ အင်အား (၃၀) ခန့်မှာ မိုက် ခရိုဝေ့ပ်ရှိရာ တောင်ကုန်းပေါ်တွင်နေရာယူထားကြောင်း စုံစမ်းသိရှိရပါ သည်။  ဗမာအစိုးရစစ်တပ်များ သည် ဘွမ်ဆိုင်း တောင်ပေါ်တွင် လက် နက်ကြီးများတပ်ဆင်ရန် ပြင်ဆင်နေလျက်ရှိကြောင်းလည်း သတင်းရရှိ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။