Tuesday, October 23, 2012

ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေးရစေချင်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

(ELEVEN MEDIA GROUP)


ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး ရစေချင်ကြောင်း နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၂၁ ရက်နေ့ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

"ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေး အလွန်ပဲရစေချင်ပါတယ်။ နှစ်ဖက်စလုံး ဆုံးရှုံးမှုက တိုင်းပြည်ရဲ့ဆုံးရှုံးမှုတွေပဲ ဖြစ်ပါတယ်။ KIO စစ်သားတစ် ယောက် ဆုံးရှုံးသွားတာဟာ တိုင်းပြည်ရဲ့ဆုံးရှုံးမှု ဖြစ်သလို၊ ဗမာစစ်သား တစ်ယောက် ဆုံးရှုံးသွားတာလည်း တိုင်းပြည်ရဲ့ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှု တွေ ကို ထောက်ပြပြီးတော့မှ KIO အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် လည်း လုပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူတို့နဲ့မျက်နှာ ချင်း ဆိုင် ထိတွေ့ဆွေးနွေးတာတွေရှိသလို ယုံကြည်မှု တည်ဆောက်တဲ့ ဆွေးနွေးပွဲတွေလည်း လုပ်နေတာတွေ ရှိပါတယ်။ ဒီဟာတွေကို စိတ်ရှည် သည်းခံပြီး လုပ်သွားခြင်းအားဖြင့် ကချင်ပြည်နယ်မှာ အခြားဒေသတွေလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိသွားမယ်ဆိုပြီးတော့ အဲဒီလိုပဲ ကျွန်တော်တို့မျှော် လင့်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့ပြင် ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများအကြား ထိုဒေသရှိ တိုင်းရင်းသားများ အိုးအိမ်စွန့်ခွာပြီး လုံခြုံစိတ်ချရသည့် နီးစပ်ရာတွေမှာ ခိုလှုံနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်းနှင့် ဆုံးရှုံးမှုများက အတိုင်း အဆ အင်မတန်များပြားလှကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။