Friday, October 19, 2012

လမ်းနယ်အတွင်း ကျူးကျော်ပြီး ကန်ထရိုက် ဆောက်လုပ်

(Jinghpawkasa)

အောက်တိုဘာ (၁၈) ကြာသာပတေး



မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မီးရထားသံလမ်းနှင့်လီဒူလမ်းမကြီး (ပန်ဆောက်လမ်း) ကြား၊ အရင်ဘဏ် အဆောက်အဦး (ယခု စွမ်းထက်သာလက်ဘက်ရည်ဆိုင်) ၏ မျက်နှာချင်းဆိုင်လမ်းမ ပေါ် (စိမ်းရွှေဝါ ဗီဒီယိုရုံ အနောက်ဘက်) တွင် "မြန်မာ့ကြယ်စင်လင်း" ဆောက်လုပ်ရေးအဖွဲ့မှ ကန်ထရိုက်တိုက် ဆောက်လုပ်လျက် ရှိပါသည်။


ကန်ထရိုက် အဆောက်အဦးရဲ့အောက်ခြေဖောင်ဒေးရှင်းတိုင်များမှာ အများပြည်သူသွားလာနေသည့် လူသွားလမ်း ပလက်ဖောင်းကို ကျော်လွန်ပြီး (ကတ္တရာလမ်းအစွန်းအထိ) ရောက်ရှိနေသော်လည်း မည်သူမျှ လာရောက်တားမြစ်ခြင်း မရှိသည်ကို စိတ်မကောင်းစွာတွေ့  မြင်နေရပါသည်။
ပုံမှန်ဆိုရင် အဆောက်အဦး ဆောက်လုပ်ခွင့် ရရှိရန် ရပ်ကွက်ထောက် ခံစာ၊ မီးသတ် ဦးစီးဌာနမှထောက်ခံစာ၊ ကျန်းမာရေးဌာနမှထောက်ခံစာ တို့နှင့်အတူ  ဆောက်လုပ်မည့် အကြီးတန်းအင်ဂျင်နီယာ၏ အဆောက် အဦးပုံစံ နှင့်ကုန်ကျစရိတ် တွက်ချက်မှုစာရင်း တို့ တင်ပြပြီးမှသာ သက် ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ လိုအပ်သည်များ စစ်ဆေးပြီး ခွင့်ပြုချက် ချပေးကြောင်းသိရပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ မည်သို့မည်ပုံ စစ်ဆေးပြီးခွင့်ပြုချက်ပေး သည်ကို မသိသော်လည်း ယခုကဲ့သို့ အများပြည်သူသွားလာသည့် လမ်းကို ကျူးကျော်ပြီး အဆောက်အဦး ဆောက်လုပ်ခြင်းမှာ ကချင် ပြည်နယ်ရဲ့ မြို့တော် (မြစ်ကြီးနားမြို့)၊ လမ်းမကြီးပေါ်မှာ မဆောက်လုပ် သင့်ကြောင်း နှင့် နောက်နောင် အခြားဆောက်လုပ်ရေး ကန်ထရိုက်တာ များလည်း ယခုကဲ့သို့ အများပြည်သူ ပိုင်သည့်နေရာ များတွင် ကြိုက်သလို ဆောက်လုပ်လာရင် ထိန်းသိမ်းရန်အခက် အခဲများရှိလာနိုင်မည်ကို စိုးရိမ်မိပါသည်။ အာဏာပိုင်များမှလည်း အမြန်ဆုံး တားမြစ်ပေးပါရန် တင်ပြအပ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။