Friday, October 12, 2012

ကချင်ပြည်နယ်အစိုးရလုပ်ဆောင်ချက်တွေကို ပီဒီပီ ပါတီက ဖွင့်ချ


2012-10-11 (RFA)
ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အခြေစိုက် ပြည်သူ့ ဒီမိုကရေစီ ပါတီ (PDP) က ရန်ကုန်မြို့ ရွေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမမှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ပြည်သူ့ ဒီမိုကရေစီ ပါတီခေါင်းဆောင် ဒေါက်တာ သန်းထိုက်ဦးက သတင်းစာရှင်းလင်းပွဲ အပြီးမှာ RFAကို အခုလို ပြောခဲ့ပါတယ်။

" ကျွန်တော်တို့ ပြည်သူ့ ဒီမိုကရေစီ ပါတီက ကချင်ပြည်နယ် အစိုးရအဖွဲ့ ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်ပြီး ကချင်ပြည်နယ်သူ ပြည်နယ် သားတွေကို ညှင်းပန်းနှိပ်စက်နေတဲ့ ဖြစ်စဉ်တွေကို ကျွန်တော်တို့ပါတီက နိုင်ငံတော် သမ္မတကြီးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြ တိုင်ကြား ခဲ့ပါတယ်။ အဲ့ဒီ တိုင်ကြားချက်တွေကိုတော့ ကနေ့အချိန်ထိ အရေးယူမယ့် သူ၊ စစ်ဆေးမယ့်သူ မရှိသေးဘဲနဲ့  တင်ပြ တိုင်ကြားချက်တွေပေါ်မှာ အကြောင်းပြပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့က ကျွန်တော်တို့ ပြည်သူ့ ဒီမိုကရေစီ ပါတီက ထုတ်ဝေတဲ့ ပြည်သူ့လုပ်သား သတင်းစဉ် အပေါ် တရားစွဲဆိုဖို့ ဆောင်၇ွက်နေတာ ဖြစ်တဲ့ အတွက် ကျွန်တော် အနေနဲ့ ကနေ့  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်။ "

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေ မြစ်ကြီးနားမြို့ပေါ်က ပုဂ္ဂလိက မော်တော်ယဉ်အသင်းတွေကို ဖျက် သိမ်းခဲ့တာတွေ၊ တနိုင်းမြို့က စက်လှေတွေကနေ ငွေကြေးကောက် ခံတာတွေနဲ့ ပက်သက်တဲ့ အကြောင်းတွေကို အဓိကထား ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။