Friday, September 14, 2012

SLG. MARIP AWNG HPE MYEN HPYEN LA NI ADUP ZINGRI


Jinghpawkasa




Jinghpaw Mungdaw Uru Seng Maw Hpakant Ginwang, Nam Mahpyit Mare kaw shanu nga ai Slg. Marip Awng gaw September (10) jahpawt manap hkying (5:00am) ten hta bum yi na nam law nam lap dut na matu Maw Wan manap gat de sa wa ai shaloi gat makau kaw la nga ai myen hpyen la marai (5) kawn hkap jahkring san jep nna Jinghpaw re lam chye yang a dup zingri lai wa ai lam shiga na chye lu ai. Dai zawn a dup zingri nga yang manap gat sa gat wa ni nau lai wa ai majaw Slg. Marip Awng hpe myen hpyen la ni bai dat ya lai wa ai lam, du kaw n hki hte madi ya n htawn sak mayu yang mai sak kau ai ngu mung tsun shagyeng lai wa sai lam na chye lu ai. Ya ten Slg. Marip Awng gaw myen hpyen ni adup zingri kau ai ningma ni a matu tsi tsi hkam la nga ia lam hpe mung na chye lu ai. Myen hpyen ni gaw Wunpawng Mungdan Shanglawt Asuya KIA myu tsaw share ninghkring ni hte gap gasat ai lam hta shanhte maga na hkra machyi, hkrat sum ai lam ni law wa ai majaw mara n nga ai mare masha ni hpe da sang jahkrit shama, mara kata sat nat hkawm ai re nga nna mung buga masha ni kawn tsun shana wa ai.




စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် နမ့်မဖြစ်ရွာနေ ဦးမရစ်အောင်သည် ၎င်းတို့၏ တောင်ယာထွက် အသီးအနှံများကို ရောင်းချရန်အလို့ငှာ မော်ဝမ်းဈေးအနီးသို့အလာ ဈေးအနီးတွင် အသင့် စောင့်ဆိုင်းနေသော ဗမာစစ်သား ၅ ဦးကထွက်လာပြီး ဘယ်ကလဲ၊ ဘာလူမျိုးလည်းဟုမေးရာ ၎င်းက ကချင်လူမျိုးဖြစ်ကြောင်း၊ နမ့်မဖြစ်ရွာမှ ဖြစ်ကြောင်း ဖြေကြားရာ ထိုဗမာစစ်သားများက ဒါဆိုမင်းက KIA ဘဲ ဟုဆိုကာ သေနတ်ဒင်ဖြင့် ၀ိုင်းဆောင့်၊ ဆဲရေးတိုင်းထွာကာ ၀ိုင်းကန် ထားကြောင်း ဦးမရစ်အောင်က ပြောပြပါသည်။ နံနက် ဝေလီဝေ လင်းအချိန်ဖြစ်သဖြင့် ဈေးသို့ လာသူများရှိလာသဖြင့် ထိုဗမာစစ်သားများ က ဦးမရစ်အောင်၏ လည်ပင်းတွင် ဓါးဖြင့်ထောက်ကာ မင်းကိုသတ်ချင် သတ်လိုက်လို့ရတယ် နားလည်လားဟု ဆိုကာပြန်လည်ထွက်ခွါသွား ခဲ့ပါသည်။ ယခုအခါ ဦးမရစ်အောင်သည် အတွင်းကြေ ဒဏ်ရာပြင်း ထန်စွာရရှိပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရှိရပါသည်။ ဗမာစစ် သားများသည် KIA တို့၏ပြင်းထန်စွာတိုက်ခိုက်ခံနေရပြီး အထိအခိုက် အကျအဆုံးများလွန်းသဖြင့် သွေးလန့်ကာ ယခုကဲ့သို့ အပြစ်မဲ့ပြည်သူ များကို ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်အရေးချိုးဖောက်လာခြင်း၊ နိုင်ထက် စီးနှင်းလုပ်လာခြင်း ဖြစ်ကြောင်း ပြည်သူအများကယူဆ လျှက်ရှိကြ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။