Wednesday, September 5, 2012

KIA မှ မြန်မာစစ်တပ်၏ လက်နက်တင်ကား သိမ်းပိုက်


(Jinghpawkasa)



ကချင်ပြည်နယ် KIA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေသို့ ချီဖွေဘက်မှ တက်လာသော မြန်မာစစ်ကား (၃) စီးကို KIA တပ်ရင်း (၁၀) မှ တပ်ဖွဲ့ဝင်များ ချီဖွေအထက် (၁၃) မိုင်ခန့် အကွာတွင် ဆီးကြို တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုသို့တိုက်ခိုက်ရာတွင် စစ်သား (၃၀) ကျော်တင်ထားသော စစ်ကား တစ်စီးမှာ ပစ်ခတ်မှုများကြောင့် ချောက်ထဲသို့ ထိုးကျ ပေါက်ကွဲသွား ကြောင်းသိရသည်။ ကျန်ကား နှစ်စီးမှာ လက်နက်များတင်ဆောင်ထား သော ကားနှင့် ရိက္ခာများတင်ဆောင်ထားသော ကားဖြစ်ကြောင်း၊ လက်နက်ကားထဲမှ 60mm မော်တာအပါအ၀င် လက်နက်ကြီး၊ လက်နက်ငယ် အများအပြား သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

ရိက္ခာတင်ဆောင်ထားသော ကားမှာမူ မြေကြီးပြိုကာ ချောက်ထဲသို့ ထိုးကျသွားကြောင်း ဆက်လက်သိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။