Wednesday, September 5, 2012

ဖားကန့် ယူမာတွင် KIA ပြည်သူ့စစ်တို့ ဗုံးဖြင့်တိုက်ခိုက်


(jinghpawkasa)


စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီခွဲအချိန်တွင် ဆိုင်းဂျာဘွမ်မှ ဆိုင်းတောင်သို့ အထိ ခိုက်အကျဆုံးများစွာဖြင့် တပ်ဆုတ်လာသော ဗမာစစ်တပ်သည် ဖားကန့်မြို့အလွန် ယူမာအရောက်တွင် အသင့်စောင့်ဆိုင်းနေသော KIA ပြည်သူ့စစ်တို့သည် ဆိုင်ကယ် မိုင်းဖြင့် တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက် ခိုက်မှုကြောင့် ဗမာစစ်သား နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိ ကြောင်း ခိုင်လုံသောသတင်းရပ်ကွက်မှသိရပါသည်။ ယခုအခါ ဖားကန့် ဒေသတွင် အစိုးရစစ်တပ်သည် အထိခိုက်အကျအဆုံးများသဖြင့် တပ်သားအသစ်တို့ထွက်ပြေးလျှက်ရှိကြောင်း၊ တပ်သား ၃၀ ခန့်အထိ လက်နက်ထားပြီးထွက်ပြေးမှုများဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။ ယခုအခါ ဆိုင်းဂျာဘွမ်အား သိမ်းယူရန် ဗမာစစ်ကြောင်းများ တာမခံ၊ ဆယ်စင်း၊ ဟောင်ပါး ဖက်မှ တပ်အင်အား ၄၀၀ ခန့်ထမ်မံစစ်ကြောင်း ထိုးလာကြောင်း ထောက်လှမ်းရေးသတင်းအရသိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။