Monday, September 3, 2012

တောမှော်တွင် KIA ပြည်သူ့စစ်မှ ဗုံးဖြင့်တိုက်ခိုက်


(Jinghpawkasa)


KIA တပ်မဟာ (၂)၊ တပ်ရင်း (၆)၊ တပ်ခွဲ (၅) မှ ပြည်သူ့စစ်များသည် စက်တင်ဘာလ (၂) ရက်နေ့က ဖားကန့်မြို့နယ် တောမှော်တွင် မြန်မာစစ်တပ်ကို ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဗုံးဖြင့် (၃) ကြိမ် တိုက်ခိုက်ရာတွင် မြန်မာစစ်တပ်မှ (၅) ဦးသေဆုံးပြီး၊ (၁၀) ဦး ဒဏ်ရာရရှိကြောင်း ဆက်လက်သိရသည်။

ယခုအချိန်တွင် မြန်မာစစ်တပ်မှ ဖားကန့်ဒေသသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ဆိုသော သတင်းများ ကျယ်ပြန့်စွာ ထွက်ရှိနေရာ ဒေသခံများမှာ အထူးစိုးရိမ်နေကြောင်းသိရသည်။ KIA တပ်ဖွဲ့ဝင်များ အနေဖြင့် အချိန်ပြည့် သတိဖြင့် နေနေရကြောင်း ဆက်လက်သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။