Monday, September 10, 2012

ဇခုန်တိန်းယိန်း၏ လုံခြုံရေးစခန်းတစ်ခု KIA သိမ်း


(Jinghpawkasa)

ကချင်ပြည်နယ် ပန်းဝါသေဒ တရုတ် ကချင်နယ်စပ်မှတ်တိုင် (၅) တွင် တပ်စွဲထားသော ဦးစခုံတိန်းယိန်း၏ လုံခြုံရေးတပ်စခန်းကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ စက်တင်ဘာလ (၉) ရက်နေ့ မနက်အာရုံလင်းချိန် တွင် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့ ကေအိုင်အေ မျိုးချစ်ရဲဘော်များ ၀င်ရောက်တိုက်ခိုက်ချိန်တွင် နယ်စပ်စောင့်ရဲဘော်များနှင့် ဗမာစစ်သားများသည် ရာမ ခေါ် စိတ်ကြွဆေးများသုံးဆောင်ပြီး မူးယစ်နေ၍ အများအပြားကျဆုံးပြီး အလွယ်တကူ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်းဆက်လက် သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။