Sunday, September 2, 2012

စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေရှာရန် KIA တပ်ရင်း (၆) မှ DVD သီချင်းခွေ ဖြန့်ချီ

(Jinghpawkasa)

ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ ဖားကန့်အခြေစိုက် တပ်ရင်း (၆) မှ ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေရန် ကချင်ဒီဗီဒီ သီချင်းခွေများထုတ်ပြီး ဖြန့်ချီလိုက်ကြောင်း သတင်းရရှိပါသည်။ သီချင်းဒီဗီဒီတွင် ကချင်သီချင်း အပုဒ် ၂၀နှင့် ဗမာသီချင်း ၂ ပုဒ်ပါဝင်ပြီး ဒီဗီဒီ နှစ်ချပ်ဖြစ်ကြောင်းသိရှိရပါသည်။ ကချင်လူမျိုးများအတွက် မျိုးချစ်စိတ် ရှင်သန်နိုးကြားစေရန်၊ စစ်ပြေးဒုက္ခသည်များအရေးကို လူထုပိုမိုအလေးထားလာစေရေးအတွက် အဓိကရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်ကြောင်း တပ်ရင်း (၆) မှ ဒုတပ်ရင်းမှူး၏ပြောပြချက်အရ သိရှိရပါသည်။ ၄င်းက ဆက်လက်ပြီး သီချင်းဒီဗီဒီက ရတဲ့အရင်းအမြတ်အားလုံးကို စစ်ပြေးဒုက္ခသည်များအတွက်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကချင်လူထုကိုလည်း ကော်ပီ ကူးမရောင်းဖို့၊ မဖြန့်ဖို့ တောင်းဆိုချင်ပါကြောင်း ပြောကြားသွားပါသည်။ ယခုအခါ ဤဒီဗီဒီအား ကချင်လူမျိုးများနေထိုင်ရာ ပြည်တွင်း၊ ပြည်ပ နေရာအနှံ ပို့ပေးဖို့ စီစဉ်ထားကြောင်း ဆက်လက်သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။