Sunday, September 23, 2012

လိုင်ဇာ FM Radio အသံလွင့် အစီအစဉ် စတင်

(Jinghpawkasa)


လိုင်ဇာ FM Radio အသံလွင့် အစီအစဉ်ကို စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ထုတ်လွှင့် လိုက်ပြီဖြစ် ကြောင်း သတင်းရရှိ ပါသည်။ လိုင်ဇာ FM Radio အသံလွင့်ခြင်းကို Frequency 89.5 MHz မှထုတ်လွှင့်ခြင်းဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ တရုပ်ပြည်နယ်စပ် မိုင်ဂျာယာန် များမှ ဖမ်းယူနားဆင်နိုင်ကြောင်း နှင့် ဆက်လက်ပြီ လိုင်ဇာ FM Radio အသံလွှင့်အစီအစဉ်ကို ကချင်ပြည်နယ် တစ်ဝန်းလုံးနှင့် ရှမ်းပြည်နယ် တစ်ဝန်းလုံး ဖမ်းယူနားဆင်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဤ လိုင်ဇာ FM Radio အသံလွှင့် အစီအစဉ်သည် ကချင်ပြည်အတွင်းမှ ပထမဆုံး ထုတ်လွှင့်သော Radio အသံလွှင့် ဌာနဖြစ်ကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။