Thursday, September 6, 2012

ဘွမ်ဆောန်ပို့စ် (Bum Sawn Bum) တွင် တိုက်ပွဲဖြစ်


(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အို အစိုးရနယ်မြေဖြစ်သော လိုင်ဇာ ဗန်းမော် လမ်း ယခင် ကေအိုင်အေပိုစ့်ဟောင်း ဖြစ်သော ဘွမ်ဆောန့်ပိုစ့် တွင် ရောက်ရှိနေသော ဗမာအစိုးရစစ်တပ်နှင့်  ကေအိုင်အေ မျိုးချစ်ရဲ ဘော်များ ယနေ့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါ သည်။ ဘွမ်ဆောန့်ပိုစ့်တွင် ရောက်ရှိနေသော ဗမာအစိုးရ စစ်တပ် မှ သောက်သုံးရေပြတ်လပ်လာမှုကြောင့် တောင်အောက်သို့ သောက်ရေဆင်းခပ်ချိန် ကေအိုင်အေမျိုးချစ်ရဲဘော်များမှ ဆီးကြိုက်တိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ ဗမာစစ်တပ်ဘက်မှ ကျဆုံး၊ ဒဏ်ရာ ရမှုများရှိသော် လည်း မည်၍မည်မျှ ထိခိုက်ဒဏ်ရာရရှိသည်ကို မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။