Friday, September 14, 2012

မြစ်ကြီးနားမြို့အနီး ရထားသံလမ်းဗုံးကွဲ

(Democratic Voice of Burma)

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့အ၀င် ရထားသံလမ်းမှာ ဒီနေ့မနက် ၃ နာရီလောက်က မိုင်းဗုံး တစ်လုံး ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့က အတည်ပြု ပြောပါတယ်။

မြစ်ကြီးနားမြို့ အမှတ် (၂) ရဲစခန်းအပိုင်းမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ အမှတ် (၂) ရဲစခန်းက ပြောကြားခြင်းမရှိပါ။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြန်မာ တပ်မတော်တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း မြစ်ကြီးနား-မန္တလေး မီးရထားလမ်းမှာ ရထားလမ်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တာတွေကို ကေအိုင်အေက လုပ်ဆောင်ခဲ့တာလို့ မြန်မာအစိုးရ သတင်းစာတွေမှာ ရေးသားထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ကချင်ပြည်နယ် ဟိုပင်ဘူတာ အနီးမှာလည်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူအသေအပျောက်မရှိခဲ့ပါဘူး။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။